Sunday, December 13, 2015
ပဋိပက္ခ​တောင်ပံအခတ်မှာပျက်​ကျသွား​သော​နေကို တတိယအကြိမ်​​တွေ့ ရှိခိုက်​​ရေး​သောကဗျာ
ပဋိပက္ခ​တောင်ပံအခတ်မှာပျက်​ကျသွား​သော​နေကို
တတိယအကြိမ်​​တွေ့ ရှိခိုက်​​ရေး​သောကဗျာ
သဘာဝတရားရဲ့ရာဇဝင်​မှာ
တတ်​​ယောင်​ကားရာဇဝင်​​ဆရာ​တွေ
လုပ်​ကြံထည့်​သွင်းထားတဲ့
မာယာ​တွေနဲ့ ပြည့်​လျှံ ဆူပွက်လျက်
လေထုစိုထိုင်းဆကို ထိန်းညှိပါ
အဖူးအငုံလဲပန်း
အပွင့်​လဲပန်း
အနွမ်းလဲပန်း
ပန်းချင်းအတူတူ
ခွဲခြားဆက်​ဆံတတ်​တဲ့
လူသဘာဝကို 
နေရာ​ရွှေဖို့ရာ တော်​လှန်​ဖို့ရာ
ဘာသာတရား​တွေလိုအပ်​လာခဲ့တာ
နောင်​လဲအမြဲလိုအပ်​​နေအုံးမှာပါ
အစွန်းတစ်​ဘက်​နှင့်​ အခြားအစွန်းတစ်​ဘက်
ကြားက မျှချိန်​ကိုရှာပါ
မျှတစွာရပ်​တည်​မှု၌ ရပ်​တည်​​သော အလှသည်​သာ
လောကအလှ လူ့အလှ
အစိုးမရခြင်းများအစိုးရခြင်း ဟူ​သော
သဘာဝဖြစ်​အင်​ကို
မာယာလို့သတ်​မှတ်​မဲ့အစား
အမှန်​တရားဟု​ခေါ်ပါ
စမ်းတဝါးဝါးနိယာမ​တွေနဲ့
လမ်းဆုံး​နေတာ​တွေ
အဆုံးသတ်​ဖို့ သင့်​တာကြာခဲ့ပြီ
ဒါ​ပေမဲ့ အခုစလဲ​နောက်​မကျ​သေး
အ​ပြောကျယ်​သ​လောက်
အ​ပြောခံ​နေရတဲ့
သဘာဝအမှန်​တရားကို
ကာကွယ်​ဖို့ရာ
ကဗျာ စာ​ပေ ဂီတ ပန်းချီ
စသည်​ စသည်​ အနုပညာသမားတို့ရဲ့တာဝန်
တနည်း
ခင်​ဗျားတို့ရဲ့ တာဝန်
ကျွန်​​တော့်​တာဝန်
Chocobo
Thursday, December 10, 2015
ပဋိပက္ခ​တောင်​ပံအခတ်​မှာ ပျက်​ကျသွားတဲ့​နေကို ဒုတိယအကြိမ်တွေ့ရှိခိုက်ရေးသောကဗျာ
ပဋိပက္ခ​တောင်​ပံအခတ်​မှာ ပျက်​ကျသွားတဲ့​နေကို
ဒုတိယအကြိမ်တွေ့ရှိခိုက်ရေးသောကဗျာ
ရွှေတိုက်စိုးဆိုမှတော့ရွေတိုက်ကိုအစိုးရတာမဆန်း
မာယာရဲ့ရင်ခွင်မှာနားခိုရာရှာလို့
အစိမ်းသက်သက်ပန်းချီကားတစ်ခုကို
နံရံထောင့်ကိုမျက်နှာမူပြီးချိတ်ဆွဲထားသလိုပေါ့
ဒီကနေ့ဝင်သွားတဲ့နေဟာမနက်ဖန်အတွက်
အစမ်းလေ့ကျင့်တာမဟုတ်ပါ
မနက်ဖန်ဝင်မဲ့နေဟာ
့ခုအခါပဋ္ဌိသန္ဒေဘဝမှာပဲရှိသေးတာပါ
လရဲ့အစောင့်ရှောက်ခံအနေနဲ့ပေါ့
စစ်တလင်းမှာစပါးနယ်လို့စစ်ကိုဂုဏ်ပြုတာ
ရူးရာကျပေမဲ့ထူးရာမကျတော့ပါ
ဆင့်ကဲပြောင်းလဲခြင်းသီအိုရီကိုယ်တိုင်က
ဆင့်ကဲပြောင်းလဲလာလိုက်တာမှာ
အခုတော့အမှားရာခိုင်နှုန်း
များသထက်များလာပါပေါ့လေ
"ကိုယ်တိုင်သက်သေပြခြင်း"လို့ပဲ
ခေါ်လိုက်ကြစို့ရဲ့
ရေဟာအသွင်ပြောင်းရုံနဲ့
အနှစ်သာရပြောင်းလဲမသွားဘူးဆိုသူတွေကို
ထမင်းဖိတ်ကျွေးပါရစေ
ရေနွေးတောင်းရင်ရေခဲရေနဲ့
ရေခဲရေတောင်းရင်ရေပူဆူပွက်နဲ့
ဧည့်ဝတ်ကျေချင်လို့ပါ
တကူးတကရှာဖွေထားတဲ့
အနှစ်မဲ့ခြင်းများကို
ဖက်တွယ်ပြီး
ဒါကိုဘဝလို့အထင်ရောက်နေသူများအလယ်မှာ
နေရာမရဖြစ်နေသလား
ပျော်ပျော်ကြီးစွန့်ခွါလိုက်ကြစို့ရဲ့
Chocobo
Wednesday, December 9, 2015
ပဋိပက္ခ​တောင်​ပံအခတ်​မှာ ပျက်​ကျသွားတဲ့​နေကို ပထမအကြိမ်တွေ့ရှိခိုက်ရေးသောကဗျာ
ပဋိပက္ခတောင်ပံအခတ်မှာ ပျက်ကျသွားတဲ့
နေကိုပထမအကြိမ်တွေ့ရှိခိုက်ရေးသောကဗျာ
ပိုးပေါင်းစုံနဲ့ပါဝင်ဖွဲ့စည်းထားတဲ့
ပိုးသတ်ဆေးတစ်ဗူး
သိရဲ့နဲ့ဝယ်ခဲ့တယ်
Disney world ဝင်ခွင့်လက်မှတ်ဖိုး
ငွေစက္ကူအစုတ်ပေးတော့
ပြန်အမ်းငွေကအတု
နေကလကိုတမင်တကာခလုတ်တိုက်မိတော့
မဟာသမုဒ္ဒရာကြီး ရွှဲစိုသွားအောင်
မိုးတိမ်တွေတခမ်းတနားငိုကြရတယ်
မာယာတို့ရဲ့
2012 ကမ္ဘာပျက်မဲ့ ဟောကိန်းကို
'လက်တဆုပ်စာကျွန်တော်များ' (a fistful of I)
ကလွဲပြီးယုံသူမရှိခဲ့
မယုံသူတွေဟာကမ္ဘာပျက်သွားခဲ့တာကို
မသိလိုက်ကြရ
ယုံသူတွေလောက်ပဲတိတ်တဆိတ်
သိခွင့်ရလိုက်တယ်
"ပန်းတိုင်းပွင့်ပါစေ" ဆိုတဲ့ဆုတောင်းစကား
"ပန်းတိုင်းနွမ်းပါစေ" လို့လဲအတိအကျ
အဓိပ္ပါယ်သက်ရောက်တယ်
တမ်းမက်မှုတွေပွင့်တဲ့အပင်မှာ
ဆွဲကြိုးချသူတွေ
တနေ့တခြားများလာနေပါရော
မနှစ်ကအိမ်ခေါင်မိုးနဲ့ဆောင့်မိတဲ့
ခေါင်းကဒဏ်ရာ
အခုထိအနာမကျက်သေးတာ
ဘာကြောင့်ပါလိမ့်
Chocobo
လာ​ရောက်​လည်​ပတ်​ဖတ်​ရှုသူများအား​ကျေးဇူးတင်​ပါတယ် 
အဆင်​​ပြေ၏ မ​ပြေ၏ကို 
ကျွန်​​တော့်​အတွက်​အား​ဆေးတစ်​ခွက်​ဖြစ်​မှာပါ
Featured Post
".'.'.'CHO" ( New Version.FEB 2016 )
".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...