ကမ္ဘာတစ်ဖက်ခြမ်းက လိပ်ပြာတောင်ပံခတ်သံ ၁
မင်္ဂလာဒုံမြိုနယ်တွင်ရထားလမ်းရေကျော်မှုကြောင့် မင်္ဂလာရုပ်ရှင်ရုံတွင်ဓာတ်လှေကားအသစ်
လဲရခြင်းအကြောင်း
တောင်ဆိတ်တစ်ကောင် ခွာလဲချိန်ရောက်လာတာ
ကြောင့် အင်ကြင်းပန်းတွေကြွေကျကုန်တယ်
မြက်ခင်းတောထဲက အတောက်ကျိုးနေတဲ့ပလူကောင်ဟာ
လမ်းပျောက်ရှာရင်း ပုရွက်ဆိပ်ကျင်းထဲ
ခြေချော်ကျသွားတယ် ဒီပြသနာကိုဖြေရှင်းရန်
မြိုတော်စည်ပင်က ကျပ်ငွေ၁၀ သန်းသုံးရန်ဆုံးဖြတ်လိုက်ပြီးတဲ့နောက်
လှည်းတန်းမီးပွိုင့်မှာ ယဉ်ငါးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့တယ်
ခိုကိုးရာမဲ့ကလေးသူငယ်များအတွက်
World vision ကအစီအစဉ်တစ်ခုချမှတ်နိုင်ရန်
Survey ဆင်းနေတုန်းရေကြီးလာလို့
မှော်ဘီမြို့နယ်ထဲကရွာတစ်ရွာကမ်းပြိုတဲ့အထဲ
ဲပါသွားတယ,်
ရွာဦးကျောင်းဆရာတော်လည်းလူထွက်ပြီး စိတ်ပြေလက်ပျောက် လွှတ်တော်ထဲဝင်သွားတာပြန်ထွက်မလာတော့ဘူး
ကပ္ပိယလဲတစ်ယောက်ထဲပျင်းလို့ဆိုပြီး
ရွာထဲက နှစ်ခုလပ် မတင်သောင်း(အမည်လွဲထား)
ကိုလှည်းတင်ပြေးတာ မဟာဗန္ဓုလပန်းခြံရှေ့မှာ
ယဉ်ကြောကျပ်ကုန်တယ်
ရန်ကုန်မြို့ကိုတိုးချဲဖို့
ပန်းလှိုင် မြစ်ကိုမြေဖို့ရန်
လွှတ်တော်ကအတည်ပြုကြောင်း
သတင်းထွက်လာတာနဲ့
ပန်းလှိုင်မြစ်ထဲက
ရေကွက်တွေဈေးတက်ကုန်တယ်
ဒါကိုမကျေနပ်တဲ့သူတချို့က ဆန္ဒထုတ်ဖေါ်ဖို့
ြုပင်ဆင်နေစဉ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့လုပ်ငန်းကို ပုဂ္ဂလိကသို့လွဲပြောင်းလိုက်တယ်
ပန်းလှိုင်မြစ်ရေကွက်မှာ အသစ်ဆောက်မဲ့
Junction Centre မှာရုံးချုပ်ဖွင့်မယ်လို့ ခန့်မှန်းရတယ်
လမ်းပိတ်ဆို့မှုနဲ့အရေးယူခံထားရတဲ့အမှိုက်တွေကို
လေလံတင်ဖို့ နေ့စဉ်ထုတ်သတင်းစာတစ်စောင်
အပိတ်ခံလိုက်ရတယ် အယ်ဒီတာလဲထောင်၂နှစ်
ကျသွားတယ် ဒါကိုမကျေနပ်တဲ့ သူ့ဇနီးကရှေ့နေနဲ့
တိုင်ပင်ပြီးပုပ္ပါးဘက်ကိုအတူထွက်ပြေးသွားပြီး
လမ်းမှာတောက်ဆိတ်အဝှေ့ခံရလို့ ၂ယောက်လုံး
ဆုံးသွားကြရှာတယ်
Chocobo
Subscribe to:
Posts (Atom)
Featured Post
".'.'.'CHO" ( New Version.FEB 2016 )
".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း နွေတစ်ရာကိုမြုပ်နှံရာ သင်္ချုင်းမြေရဲ့ပရဝုဏ်မှာ နှင်းမြူတို့...
-
ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်း ကိုကာကိုလာယဉ်ကျေးမှုနဲ့ ဘယ်တော့မှအသားကျမှမဟုတ်တဲ့ငါ အသားကျဖို့လဲကြိုးစားမှာမဟုတ် အရာရာ၌ရောင်...
-
ထိုအချိန် ထိုနေရာ (ဝါ) ကျွန်တော်စောချင်သောသေငယ်ဇော (ဝါ) Infinity သို့တိမ်းညွတ်ခြင်း ကျွီခနဲအပွင့် အနုတ်တွေထွက်သွားတယ...
-
ပဋိပက္ခတောင်ပံအခတ်မှာပျက်ကျသွားသောနေကို တတိယအကြိမ်တွေ့ ရှိခိုက်ရေးသောကဗျာ သဘာဝတရားရဲ့ရာဇဝင်မှာ တတ်ယောင်ကားရာဇဝင်ဆရာတွေ လ...
No comments:
Post a Comment