Sunday, July 3, 2016

ကိုယ်​တိုင်းမသိရ​သော ​နေ့စွဲများ ၂

ကိုယ်​တိုင်းမသိရ​သော ​နေ့စွဲများ ၂

အမျိုးးအမည်သိရ​သော်​လည်း
ဖွင့်​ပုံဖွင့်​နည်းမသိရ​သော
စွမ်းအားတစ်​ခုဖြင့်​ sealed လုပ်​ထား​တဲ့
စာတစ်​​စောင်​ မိမိထံလိပ်​မူပြီး ​ရောက်​လာပါတယ်
"လိပ်​စာရှင်​မှအပ မည်​သူမဆိုဖတ်​ရှုနိုင်​ပါသည်" လို့လဲ
စာအိတ်​​ပေါ်မှာ ​ရေးထားလိုက်​​သေးတယ်
ဂျက်​အင်​ဂျင်​အသံနဲ့ ခပ်​ဆင်​ဆင်​မြည်​​သော
ရှေး​ခေါတ်​နာရီကြီးရဲ့ ချိန်​သီး​နောက်​မှာ
စာအိတ်​ကို ​ကော်​နဲ့ကပ်​ပြီး သိမ်းထားလိုက်​တယ်
မနက်​တိုင်းအိမ်​​ရှေ့ ဝရံတာမှာ အစာလာ​တောင်းတဲ့
ငှက်​က​လေး​တွေက အထူးအဆန်းအ​နေနဲ့ ကြည့်​သွားကြတယ်
ဒီလိုနဲ့ တစ်​ရက်​သားမှာ နာရီပျက်​​နေခိုက်
ကြွက်​တချို့က မ​ပြောမဆိုနဲ့
စာအိတ်​ကိုကိုက်​​ဖောက်​သွားကြတယ်
သတိထားမိချိန်​မ​​တော့
စာအိတ်​က​​ဖောက်​လျက်​သား​လေး
ဝမ်​သာအားရဖွင့်​ကြည့်​လိုက်​တယ်
အထဲမှာ ဘာစာမှပါမလာခဲ့ဘူး
ကြွက်ပဲ ဆွဲသွားခဲ့တာလား?
နဂိုကတည်းက ဘာမှပါမလာတာလား?
ဒါမှမဟုတ်​...
အ​ဖြေမ​ဖေါ်ခြင်းဖြင့်​ ပ​ဟေဠိဟာ သူ့ရဲ့ ဖြစ်​တည်​မှုကို
ထိန်းသိမ်းထားတာမျိုးလား?
သေချာတာက​တော့
ပ​ဟေဠိ​တွေဟာ ​နောက်​ထပ်​ပ​ဟေဠိအသစ်​​တွေကို
သယ်​​ဆောင်​လာတတ်​တာပဲ

ချိုကိုဘို

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...