Wednesday, May 18, 2016

ကိုယ်​တိုင်းမသိရ​သော​နေ့စွဲများ ၁

ကိုယ်​တိုင်းမသိရ​သော​နေ့စွဲများ ၁

မြောက်​ဘက်​ကမ်း​ခြေကလာခဲ့တဲ့
ကတ်​​ကြေးတစ်​ခြမ်းဟာ
သူရဲ့အခြားတစ်​ခြမ်းကိုရှာ​ဖွေဖို့ ခရီးထွက်​လာခဲ့တာ အခုဆို
စထွက်​​နေရာကို​ရောက်​လာခဲ့ပါပြီ
သူနဲ့မ​တော်​ကိုယ်​တိုင်းမသိရ​သော​နေ့စွဲများ ၁

မြောက်​ဘက်​ကမ်း​ခြေကလာခဲ့တဲ့
ကတ်​​ကြေးတစ်​ခြမ်းဟာ
သူရဲ့အခြားတစ်​ခြမ်းကိုရှာ​ဖွေဖို့ ခရီးထွက်​လာခဲ့တာ အခုဆို
စထွက်​​နေရာကို​ရောက်​လာခဲ့ပါပြီ
သူနဲ့မ​တော်​တဲ့ ​ခြေနင်းတစ်​ဖက်​ကိုလဲ
မ​တော်​တ​ရော်​စီးနင်းထား​သေးရဲ့
သူနဲမ​တော်​တာလဲသိတယ်
သူမသိတာ
ခြေနင်းက ​သေး​နေလား ကြီး​နေလားကိုသာမသိတာပါ

အထင်းသားမြင်​​နေရတဲ့
ရွက်​ဖျင်​တဲထဲက​နေ မီးခိုးသံသဲ့သဲံ့ လှမ်းမြင်​​နေရတယ်
သီချင်းဆို​နေတဲ့ ကြယ်​​တွေဟာ
ဘုတ်​ငှက်​မြည်​သံကိုစီးပြီး​ရောက်​လာကြတယ်
ရေတွင်း​ပျက်ကြီးထဲ ခုန်​ချလိုက်​ ခုန်​တက်​လိုက်​လုပ်​​နေတဲ့
မီးလျှံတစ်​ခုအ​ကြောင်းပုံပြင်​ကို
သူငယ်​စဉ်​က ကြားခဲ့ဖူးတာ ပြန်​အမှတ်​ရမိတယ်
အဲဒီအချိန်​တုန်းက သူစီးခဲ့တဲ့ မြက်​​ခြေနင်း​ရဲ့
သဲကြိုးဟာ အ​ဖေ့ရဲ့ ​နေ့စဉ်​မှတ်​တမ်းထဲခုန်​ဝင်​သွားခဲ့တာလဲ
အမှတ်​တရပဲ

Browser တစ်​ခုရဲ့ကမ်း​ခြေမှာ
ဝက်​သစ်​ချသားဝတ်​ရုံကိုခြုံ ပြီး
ပါလာတဲ့ငှက်​ကုလားအုတ်​နဲ့ ဟိုဘက်​ကမ်းကူးဖို့
လှေလိုက်​လဲ​နေတဲ့
ဘယ်​သူဘယ်​ဝါရဲ့အရိပ်​မှန်းမသိရတဲ့ အရိပ်​တစ်​ခုနဲ့
တွေ့ခဲ့တဲ့အ​ကြောင်းကို
ပြန်​အမှတ်​ရမိလာတယ်
အဲဒီအရိပ်​က
သူဟာဒုံမင်းအိုကြီးတစ်​လုံးဆီက​နေထွက်​​ပြေးလာတဲ့
ကြိုးတစ်​​ချောင်းဖြစ်​ကြောင်း
တေလာဆွစ်​စ်​ရဲ့ ဂစ်​တာကိုလိုက်​ရှာ​နေတာဖြစ်​​ကြောင်း
သူ့​​ပြောကြားချက်​ကို
ဘယ်​သူမှယုံကြည်​ပုံမရပါ

သူမူးလာပြီဆိုရင်
နေ့​တွေဟာ သူနဲ့​တွေတာနဲ့ညဆီထွက်​​ပြေးကုန်​ကြတယ်
ည​တွေဟာလဲ
သူနဲ့​တွေ့တာနဲ့ ​နေ့ဆီထွက်​​ပြေးကုန်​ကြတယ်
နေ့မသိညမသိ ​​နေ့ မရှိညမရှိအ​ခြေအ​နေမှာ
မြွေဆိုးရဲ့​လေချွန်​သံလို အသံမျိုး​တွေကို
အ​ဖေါ်ပြုပြီး​နေခဲ့ရတဲ့ကာလ​တွေပါပဲ
ပုလင်းထဲက​နေ ခွက်​ထဲစီးဆင်းသွားတဲ့
ဝီစကီရဲ့ ရိုက်​သံသဲ့သဲ့မှာ
အစာမ​ကြေ​ရောဂါကို ကုစား​ပေးနိုင်​တဲ့
ဓာတ်​သတ္တိပါဝင်​မှုရာခိုင်​နှုန်းအ​ပေါ်
သံသယရှိခဲ့တာလဲကြာပါပြီ
သံသယဟာသံသယသာဖြစ်​ပြီး
ယုံကြည်​လိုမှုက ယုံကြည်​လိုမှု သာဖြစ်​​ကြောင်း
သံသယနှင့်​ယုံကြည်​လိုမှုဟာ
ရော့ကာ​​တွေဝတ်​တဲ့ဂျင်း​ဘောင်းဘီတစ်​ထည်ရဲ့
ဘယ်​နှင့်​ညာ ဖြစ်​​ကြောင်း
နှောင်း​လူ​တွေရှာ​ဖွေ​တွေ့မဲ့​နေရာဟာ
ဒီ​နေရာပါပဲ

"သင်္ကြန်​အ​မြောက်​ရဲ့စနက်​တံ
ဖြစ်​မှန်းသိသိကြီးနဲ့ဖြစ်​​နေတဲ့
လိပ်​ပြာ​တောင်​ပံခတ်​သံဟာ ငါပဲ" ဆိုတဲ့သီချင်းကို
သူဆိုတဲ့အခါတိုင်း
ကဗွီးပင်​​တွေက ခါးကိုညွတ်​ပြီးနားစွင့်​​လေ့ရှိကြတယ်
ပြီး​တော့အချင်းချင်းတီးတိုး​ပြောကြတယ်
"နား​ထောင်​​ကောင်းတဲ့​ရောဂါ​တွေဟာ
ကူးစက်​လွယ်​တယ် " ဆိုလားပဲ...

ချိုကိုဘို ​ခြေနင်းတစ်​ဖက်​ကိုလဲ

ချိုကိုဘို

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...