ကိုယ်တိုင်းမသိရသော နေ့စွဲများ ၁၃
အသည်းကွဲ နေတဲ့သူငယ်နှစ်ဦးဟာ
မီးအိမ်တစ်လုံးအလယ်မှာချ
အချစ်ကိုယုံကြည်ခြင်းမယုံကြည်ခြင်းနဲ့ပတ်သက်ပြီး
အချိန်အတော်ကြာငြင်းခုံပြီးတဲ့နောက်
နှစ်ယောက်လုံး မောမောနဲ့အိပ်ပျော်သွားကြတယ်
ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့
ပုရွက်ဆိတ်တစ်ကောင်
အချစ်မယုံကြည်တော့ဘူးဆိုတဲ့လူငယ်ရဲ့
အိပ်မက်ထဲရောက်လာပြီး
ကတိအချစ်ရဲ့သဘောဟာမူလအားဖြင့်
အတ္တကနေလွတ်ကင်းကာ
အလွန်ကြည်လင်သောသဘာဝရှိကြောင်း
၎င်းအချစ်ကို ခံစားသော
နှလုံးသားတို့၏ညစ်နွမ်းမှုကြောင့်သာ
အချစ်သည်လည်း ညစ်နွမ်းရခြင်းဖြစ်ကြောင်း
ပကတိကြည်လင်သောချစ်ခြင်းမေတ္တာကို
ရရှိခံစားလိုလျင် မိမိနှလုံးသားကိုအရင်
ဦးစွာပထမ သန့်စင်ထားဖို့လိုမည်ဖြစ်ကြောင်း
ပြောပြနေတုန်းလန့်နိုးသွားတယ်
သူု့နံဘေးမှာငူငူကြီးထိုင်နေတဲ့ သူငယ်ချင်းကို
အိပ်မက်အကြောင်းဝမ်းသါအါးရပြောပြတယ်
သူငယ်ချင်းကခပ်ယဲ့ယဲ့ပြုံးပြီးပြောတယ်
"ဒါဖြင့်ငါတို့နှလုံးသားကို သန့်စင်မယ့် filter
ဘယ်မှာရှာရမလဲ မင်းကိုဟောသွားတဲ့ ပုရွက်ဆိတ်
ငါ့ကိုဟောသွားတာနားထောင်ကြည့်လိုအုံး"
"လောကမှာလူလုပ်ချင်သေးရင်
မင်းနှလုံးသား အနည်းနဲ့အများတော့
ညစ်နွမ်းနေဖို့လိုလိမ့်မယ် "
ချိုကိုဘို
No comments:
Post a Comment