Thursday, January 21, 2016

ထိုအချိန်​ ထို​နေရာ (ဝါ) ကျွန်​​တော်​​စောချင်​​သော​သေငယ်​​ဇော (ဝါ)​ Infinity သို့တိမ်းညွတ်​ခြင်း

ထိုအချိန်​ ထို​နေရာ (ဝါ)
ကျွန်​​တော်​​စောချင်​​သော​သေငယ်​​ဇော (ဝါ)
Infinity သို့တိမ်းညွတ်​ခြင်း

ကျွီခနဲအပွင့်
အနုတ်ေ​တွထွက်​သွားတယ်
အ​ပေါင်း​တွေဝင်​လာတယ်​ ( ​နေ့  )

ကျွီခနဲ အပွင့်
အ​ပေါင်း​တွေထွက်​သွားတယ်
အနုတ်ေ​တွဝင်လာတယ် ( ည )

ကျွီခနဲအပွင့်
အထွက်​မရှိ
အဝင်​မရှိ ( ? )

ကောင်းကင်​တစ်ချို့ ပြုတ်​အကျ
မြေဖြစ်​သွားတယ်
တိမ်​တစ်​ချို့ ပြုတ်​အကျ
ရေဖြစ်​သွားတယ်
ကောင်းကင်​တစ်​ချို့​ပေါက်​ကွဲ
တိမ်​တစ်​ချို့  လွင့်​​အပျောက်
?? ဖြစ်​သွားတယ်

ဒင်္ဂါးတစ်​​စမြှောက်​တင်​လိုက်​တယ်
ပန်းကျတယ်
အခြားဒင်္ဂါးတစ်​​စမြှောက်​တင်​လိုက်​တယ်
ခေါင်းကျတယ်
တတိယဒင်္ဂါးတစ်​​စမြှောက်​တင်​လိုက်​တယ်
လုံဝပြန်​မကျလာ​တော့ဘူး

?အချိန်​ ?? ​နေရာမှာ
ပြန်​မကျလာ​တော့တဲ့ဒင်္ဂါးဟာ
ကျွန်​​တော်​အဓိကမက်ချင်တဲ့အိပ်မက်​​​​တစ်ခု

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...