Tuesday, January 26, 2016

သင်​ လူကြီးလား လူငယ်​လား ဘာမဟုတ်ညာမဟုတ်လား

သင်​ လူကြီးလား လူငယ်​လား
ဘာမဟုတ်ညာမဟုတ်လား

လူငယ်ရဲ့အသံကိုစွင့်​ဖို့
တချို့​သောလူကြီးဆိုသူ​တွေကို
နားအပိုအသစ်​တပ်​​ပေးရမယ်
သူတို့နား​တွေ​ဟောင်းလွန်းနေတယ်

လူကြီး​​တွေရဲနှလုံးသားကို မြင်ဖို့ 
တချို့​သောလူငယ်ဆိုသူ​​တွေကို
မျက်​လုံးရင့်​ရင့်​​အပို တပ်​​ပေးရမယ်
သူတို့မျက်​လုံး​တွေ နုလွန်းတယ်

ကျွန်​​တော်​က​တော့
လူကြီးလဲမဟုတ်​ လူငယ်​လဲမဟုတ်
ဘာဆိုဘာမှမဟုတ်​တဲ့အတွက်
ဘာဆိုဘာမှတပ်​စရာမလို​တော့

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...