ကြယ်စုန်ညမှာဝပ်တဲ့လ
ခြင်္သေ့တွေ သတ်သတ်လွတ်မစားတာ
ဓမ္မတာမို့ပြောစရာမရှိပေမယ့်
ယုန်တွေအသားစားကုန်ကြတာ
ပြောစရာဖြစ်လာပြီ
စားကောင်းသောအသား မစားကောင်းသောအသား
ဇာတ်တူ၏ မတူ၏တောင်
မရွေးကြတော့ဘူး
သံတွေသံချေးတက်တာမပြောလို
ရွှေတွေသံချေးတက်ကုန်တာကဘာကြောင့်လဲ
ဘာတွေဖြစ်ကုန်တာလဲ
ဘာတွေမဖြစ်ကုန်တာလဲ
ဒီအတိုင်းဆက်သွားရင်
ကမ္ဘာကြီးလည်း လုံးပြားပြားတော့မယ်
ကြည့်သမျှမြင်သမျှ ထောင့်မကျိုး
ငါ့မျက်လုံးကပဲ
တစ်ဖက်တစ်မျိုးဖြစ်နေလို့များလား
မိုးခါးရည်ခောတ်ကြီးမှာ
ငါ့ဝါကျတွေရောငါပါ
ပုဒ်ထီးပုဒ်မ ပျောက်ပါပေါ့
Chocobo
No comments:
Post a Comment