Sunday, January 17, 2016

ပဋိပက္ခတောင်ပံအခတ်မှာ ပျက်ကျသွားသောနေကို စတုတ္ထအကြိမ်တွေ့ရှိခိုက်ရေးသောကဗျာ

ပဋိပက္ခတောင်ပံအခတ်မှာ ပျက်ကျသွားသောနေကို
စတုတ္ထအကြိမ်တွေ့ရှိခိုက်ရေးသောကဗျာ

ငါလျောက်နေတာအသွားခရီးလား
အပြန်လားခရီးလား
ဦးတည်ရာမရှိတဲ့ခရီးမှာ
အသွားရယ် အပြန်ရယ် လို့
ဘယ်လိုသတ်မှတ်ရပါ့မလဲ
အစုန်ဖြစ်စေ အဆန်ဖြစ်စေ
ဘာထူးတော့မှာလဲ

ငါ့ခြေလှမ်းတွေကရော
ငါ့အပေါ်ဘယ်လောက်သစ္စာရှိကြမလဲ
ဆူးညှောင့်တွေနဲ့ပေါင်းပြီး
ငါ့ကိုသစ္စာဖောက်ကြမလား
ငါ့မျက်လုံးတွေကရော
ငါ့အပေါ်ဘယ်လောက်သစ္စာရှိကြမလဲ
မြင်အပ်ရာ မမြင်အပ်ရာတွေနဲ့ပေါင်းပြီ
ငါ့ကိုသစ္စာဖောက်ကြမလား

သံသယတချို့ပွားများပေမဲ့
ဒီအတွက်ငါစိုးစဉ်းမျှမစိုးရွံ့
ငါစိုးရွံ့တာ
ငါ့ကိုယ်ငါ သစ္စာဖောက်မိမှာကိုပဲ

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...