Tuesday, January 19, 2016

ပဋိပက္ခ​တောင်​ပံအခတ်​မှာပျက်​ကျသွား​သော​နေကို အဌမအကြိမ်​​တွေ့ရှိခိုက်​ရေး​သောကဗျာ

ပဋိပက္ခ​တောင်​ပံအခတ်​မှာပျက်​ကျသွား​သော​နေကို
အဌမအကြိမ်​​တွေ့ရှိခိုက်​ရေး​သောကဗျာ

မိမိရဲ့အတ္တက တစ်​စုံတစ်​ဦးကို နာကျင်​​စေတယ်​ဆိုတာ သိလိုက်​ရချိန်​မှာ
အဲဒီအတ္တကိုလွှတ်​ချလိုက်​ကာမှ
ထိုသူ့ အ​ပေါ်တည့်​တည့်​ကျပြီး နာကျင်​စေရုံမက ​ထုတ်​ချင်းပါ​ပေါက်သွားေ​စမဲ့ကိန်းမျိုး
ကြုံဖူးကြပါ​​သလား

ပုစ္ဆာတိုင်းမှအ​ဖြေရှိစမြဲဆိုေ​ပမယ့်
တချို့​​သောပုစ္ဆာ​​တွေဟာ အေ​ဖြမရှာပဲထားလိုက်တာ ပိုေ​ကာင်းပါတယ်
အထူးသဖြင့်
အ​​ဖြေဟာ မလှနိုင်ေ​လာက်ဘူးလို့
သိ​နေတဲ့အခါမျိုးမှာ​ပေါ့

အခါး​တွေကုန်​သွားရင်
အချိုလာမလာမ​သေချာ​​ပေမေယ့်
ကြိတ်​မှိတ်​ဝါး​နေမိတာဟာ
တကယ်​​တော့ အခါးကိုကြိုက်​တတ်​တဲ့
စိတ္တဇအခံကရှိ​နေလို့ပါ

ပြသနာဟာကိုယ်​​လေးလက်​ဝန်​ရှိ​နေ​ပေမယ့်
ဒျူးဒိတ်​ မသိရ​တဲ့အ​နေအထားမျိုးမှာရှိ​နေပါတယ်

လူတစ်​​ယောက်​ရဲ့ သင်္ချိုင်း​မြေ
ကျွန်ေ​တာ့်​ကိုပြပါ
ထိုသူ့ရဲ့ဘူမိနက်​သန်​​အောင်​မြေကို
ကျွန်​​တော်​ပြပါ့မယ်

မပီကလာပီကလာအိပ်​မက်​​တွေက
ချစ်​စရာ​ကောင်း​နေ​တော့လဲ
နိုးထချင်​စိတ်​မရှိ​တော့တာမဆန်း

ဆုံးဖြတ်ချက်တစ်ခု​​​​ကို ပြတ်ပြတ်သားသား​​ချလိုက်​တယ်
ရှေ့​လျောက်​...
ငါ... ဆက်​ပြီး​တွေ​ဝေသွားမယ်

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...