Wednesday, January 20, 2016

လွတ်​​မြောက်

လွတ်​​မြောက်​ရာ

ဝင်္ကဘာတစ်​ခုရဲ့ဝင်​​ပေါက်​ရပ်​ပြီး ကိုယ်​ကိုယ်​ကိုယ်
သေချာလားလို့​မေးလိုက်​တယ်
မေ​ဖြတတ်ပါ
ဝင်ကြည့်မှပဲသိရပါမယ်​​​ လို့အေ​ဖြရတယ်
ကြိုးကျစ်ကျစ်ခိုင်ခိုင်​​​​တစ်ေ​ချာင်းယူပြီး ကြိုးစတစ်ဖက်ကို
သစ်ပင်တစ်ပင်မှာချည်​​​​​လိုက်​တယ်
လမ်းမ​ပျောက်​​တော့ဘူး​ပေါ့
ရေ စားစရာတချို့ ​မြေဖြူတစ်ခဲနဲ့ ​ကဗျာစာအုပ်တစ်အုပ်​​​ကို ခရီး​ဆောင်​အိတ်​ထဲထည့်​တယ်
ဒီ​လောက်​ဆိုရင် စိတ်ချရ​​လောက်ေ​​ရာပေါ့
ကဲ...စပါပြီဝင်္ကပါခရီးစဉ်
နေရာအ​တော်​များများမှာ​တွေ့ရတာက​တော့
လူအရိုးစု အသစ်​အ​ဟောင်း​တွေ
တချို့​နေရာ​နေ​တွေမှာဆို လမ်းပိတ်​​နေလို့
နောက်​ပြန်​ထွက်​ရတာ​တောင်​ရှိတယ်
ဘယ်ချိုး ညာချိုး ညာချိုး ဘယ်​ချိုး​​​​ တည့်တည့်
ပိတ်ေ​​​နရင်ေ​နာက်ပြန်ဆုတ်
ရောက်ပြီးတဲ့​​နေရာေ​တွကို ​မြေဖြူနဲ့ အမှတ်အသားလုပ်တယ်
တဖြည်းဖြည်းနဲ့ အချိန်​အေ​​​​​တ်ာလင့်လာပြီ 
တစ်ေ​နရာတည်းမှာ​ ​မြေဖြူအမှတ်အသား
တစ်ခုထက်ပိုတာေ​တွလဲများလာပြီ
မနက်​​ကတည်းကဝင်လာတာ မိုးလဲချုပ်လုပြီ
ေ​​​​ရ စားစရာနဲ့ ​မြေဖြူလဲ ကုန်​ပြီ
ထွက်​​ပေါက်​ကို အခုထိအရိပ်​အ​ယောင်​​တောင်​မမြင်​ရ​သေး
မ​နှောင်းခင်ဝင်​​ပေါက်​အတိုင်းပြန်ထွက်​​​မယ်လို့
ဆုံးဖြတ်လိုက်တယ် 
ဒီ​နေရာမှာ ကြိုးရဲ့အခန်းကဏ္ဌက ပါလာပြီး
ဟာ....ဟုတ်သားပဲ .....
....
ကြိုး.....
ကြိုးမယူခဲ့မိဘူး ......
ချက်ချင်း​​ခေါင်း​နပန်းကြီးသွားတယ်
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ​​တော့​ဘူး
အ​တော်ကြာေ​တာ့ လ​ရောင်​ကေ​ရာက်​လာတယ်
လူလဲ စဉ်းငယ်တည်ငြိမ်မှုရလာတယ်
အဲဒီေ​​​​​​​တာ့မှ ကဗျာစာအုပ်​သွားသတိရတယ်
ထွက်​​ပေါက်​......
လက်​ခနဲမြက်​လိုက်​ရသလိုပဲ.....
မဟုတ်​ဘူး..သေ​သေချာချာကြီးကို​တွေ့လိုက်​တာပါ
ဟော....ကြားရပြီ....
ထွက်​​ပေါက်​ကကျွန်​​တော့်​ကို
အသံနက်​ကြီးနဲ့ လှမ်း​ပြောတဲ့အသံ
#"Chocobo အဲဒီကပဲ​စောင့်​ ကျုပ်​လာ​နေပြီ" တဲ့
ကျွန်​​တော်​လဲ ကဗျာစာအုပ်​ကိုဖွင့်
ခပ်​မှိန်​မှိန်​လ​ရောင်​​အောက်​မှာ
#​နောက်​ဆုံးကဗျာကို
ဲ​အေး​အေးလူလူဖတ်​​ရင်း​စောင့်​​နေလိုက်​​တော့တယ်

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...