ယနေ့ နေသာ၏
သူ့အတွက်
ကိုယ်ရေးလိုက်တဲ့ကဗျာတစ်ပုဒ်က
သူ့မျက်ဝန်းထဲ
အပြုံးတွေဝေသွားစေတယ်ဆိုတဲ့အသိ
အဲဒီခံစားချက်က
ဘာနဲ့မှမလဲနိုင်ဘူး
ကြည့်ပါ
ယနေ့အပြုံးသာ၏...
ထို့ကြောင့်....ကဗျာသာ၏...ထို့ကြောင့်...အပြုံးသာ၏...ထို့ကြောင့်..ကဗျာသာ၏..ထို့ကြောင့်..အပြုံးသာ၏
ထို့ကြောင့်...
:
:
:
:
ယနေ့နေသာ၏
ချိုကို
No comments:
Post a Comment