Wednesday, January 20, 2016

ပဋိပက္ခတောင်ပံအခတ်မှာပျက်ကျသွားသောနေကို နဝမအကြိမ်တွေ့ရှိခိုက်ရေးသောကဗျာ

ပဋိပက္ခတောင်ပံအခတ်မှာပျက်ကျသွားသောနေကို
နဝမအကြိမ်တွေ့ရှိခိုက်ရေးသောကဗျာ

အမြင်မှန်နဲ့မတည့်ရတဲ့အကြောင်းကြောင့်
အမှန်ကိုမမြင်လိုသေးပါ
ရွှင်သည်ဖြစ်စေ မရွှင်သည်ဖြစ်စေ
စိတ်ညွှန်ရာ၌သာနေပါရစေ

ကူကယ်ရာမဲ့နေသော်လဲ
ကူကယ်ရာကိုကားအလိုမရှိ

ခရီးစဉ်မဲ့လွင့်မျောရခြင်း၌
လေတံခွန်တလူလူလွင့်ကာ
လွမ်းလွမ်းကြီးပျော်
ပျော်ပျော်ကြီးလွမ်း လို့ကောင်းနေတုန်း

#မိုက်မဲခြင်း လို့အမည်တွင်တဲ့
နေ့စွဲမပါတဲ့ နေ့စဉ်မှတ်တမ်းတစ်ခုသာ
ငါ့ပိုင်ဆိုင်ခွင့်ရခဲ့တာ
ဒါကိုတော့
ဘယ်နည်းနဲ့မှအထိပါးမခံနိုင်ပါ   

ဦးတည်ရာမရှိခြင်းဟာ
လွတ်မြောက်ခြင်းနဲ့ဖီလာဖြစ်သော်လည်း
အခါများစွာမှာလွတ်လွတ်ခြင်းကို
ယူဆောင်လာပေးတတ်တာ

စိတ်ကူးနဲ့ ထပ်တူမကျတဲ့
လက်တွေ့ ကမ္ဘာမှာမပျော်ပိုက်နိုင်တဲ့အတွက်
စိတ်ကူးကမ္ဘာ၌သာ
ပျော်နေမောနေချင်မိတော့တယ်

ငါအစစ်ကငါအတုလောက်မှ
မက်မောစရာမရှိတာမို့
ငါပျောက်ဆုံးခြင်းအတွက်
ထူးပြီးဝမ်းနည်းစရာ မရှိတော့

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...