Wednesday, January 20, 2016
ကျိန်​စာတစ်​ခု၏ ​နောက်​​ကျောဘက်​သို့​ရောက်​ရှိခဲ့စဉ်​က
ကျိန်​စာတစ်​ခု၏ ​နောက်​​ကျောဘက်​သို့​ရောက်​ရှိခဲ့စဉ်​က
ဘယ်​လူးညာလိမ့်​ အိပ်​မရတဲ့​နောက်
ကျွန်​​တော်​ဟာ
အိပ်​ရာကလူးလဲထပြီး အိပ်​မက်​​တွေကြားထဲ
တစ်​ကိုယ်​တည်း​လျောက်​သွား​နေမိတယ်
အဲဒီမှာထူးခြားတဲ့ပြတိုက်​တစ်​ခုကို​တွေ့ရတာပဲ
ဒီပြတိုက်​ထဲဝင်​​ရောက်​​လေ့လာတဲ့သူ​တွေဟာ
ပြတိုက်​ရဲ့အ​ပေါက်​က​နေပြန်​ထွက်​လိုက်​တာနဲ့
ဒီထဲမှာ​လေ့လာမှတ်​သားခဲ့သမျှ ပြန်​ပြီး​မေ့သွား​စေတဲ့
ထူးဆန်းတဲ့​မေ့​လျော့ကျိန်​စာမိ​နေတယ်...
ပြတိုက်​ထဲမှာ 
သဲကန္တာရက​နေတူး​ဖေါ်​တွေ့ရှိတဲ့
ဧရာမအင်ကြင်းေ​ကျာက်​တုံးကြီးတ​​စ်​ခုရှိတယ်
ကျောက်​တုံးက လာသမျှဧည့်​သည်​​တွေကို​ပြောပြ​နေကျ
ပုံပြင်​တစ်​ပုဒ်​ရှိတယ်
အဟဲ...
ခင်​ဗျားတို့ အဲဒီပုံပြင်​ကိုသိချင်​သွားပြီမဟုတ်​လား
ဟုတ်​ကဲ့...
ပုံပြင်ကိုအခုပဲ​ကျွန်​​တော်​ပြန်​ပြီး​ဖောက်​သည်​ချမှာပါ..
ဒီလိုပါ...တစ်ခါ​က ...
သဲကန္တာရတစ်​ခုဟာ
ပူပြင်း​ခြောက်​​သွေ့လွန်းလို့ ပင်​လယ်​ကိုမနာလိုဖြစ်​​နေရှာတယ်
တစ်​ရက်​မှာကန္တာရက ပင်​လယ်​ကိုစကားနာထိုးတယ်
" #အသင်​ပင်​လယ်​ သင့်​ရဲ့ ရေ​ပေါများမှုကို
ငါသည် အလျဉ်းမျှဂရုစိုက်ခြင်းမရှိ သင့်​၌​ရေ​ပေါသ​လောက်​ ငါထံ၌ သဲတို့​ပေါများပါဘိ"
တကယ်ေ​​တာ့ပင်​လယ်​ရဲ့ကြမ်းပြင်​ဘဏ္ဌာတိုက်​ထဲ
သို​လှောင်​ထားတဲ့ သဲ​တွေဟာ ကန္တာရရဲ့သဲ​တွေထက်​ပိုများပါတယ်
ပင်လယ်ဟာ ခံပြင်းစွာေ​​​​​​ဒါသထွက်​သွားတယ်
သူ့ရဲ့ တိမ်​တပ်​ကို​စေလွှတ်​ပြီး
ကန္တာရကို အသဲအမဲ ထိုးစစ်​ဆင်​တယ်
ဒီလိုနဲ့ကန္တာရဟာ စိမ်းလန်းစို​ပြေလာခဲ့ပြီး
အမြဲစိမ်း​တောကြီးဖြစ်​လာခဲ့တယ်
သစ်​​တောဘဝ​ရောက်​ခါစမှာ ပင်​လယ်​နဲ့ငြိမ်းချမ်း​ရေးရယူနိုင်​ခဲ့ပြီး
ပင်​လယ်​ဟာ သစ်​​တောအတွက်​ မိုးတိမ်​တိုက်​တွေ
မပြတ်​​ထောက်​ပံ့ကူညီဖို့ ကမ္ဘာသားချင်း ​သ​ဘောထားကြီးစွာ သ​ဘောတူညီခဲ့တယ်
နှစ်​​ထောင်​ပေါင်းများစွာကြာလာတဲ့အခါ
သစ်​​တောဟာစိတ်​ကြီးဝင်​လာပြန်​တယ်
ပင်​လယ်​ကိုသူ​ပြောတဲ့စကားကိုနားထောင်​ကြည့်​ပါ
" #အသင်​ပင်​လယ်​...
ကျုပ်​ရဲ့စို​ပြေစိမ်းလန်းမှုကို သင့်​ရဲတိမ်​တိုက်​​တွေက
ပြယ်​ရယ်​ပြုသလိုဖြစ်​​နေတယ် သင့်ရဲ့​​စော်ကားမှုကို
ကျုပ်ဆက်ပြီးသည်းမခံနိုင်​​တော့ပါ​​​​"
ပင်​လယ်​ဟာစိတ်​မ​ကောင်းခြင်းကြီးစွာနဲ့
ထောက်​ပံ့မှုအားလုံးကိုပြန်​ရုပ်​သိမ်းလိုက်​တယ်
သိပ်​မကြာခင်​မှာပဲ သစ်​​တောဟာ ကန္တာရဘဝကိုပြန်​​ရောက်​သွားခဲ့ရတာ​ပေါ့....
ဒါက​တော့​ ကျောက်​တုံးကြီး​ပြောပြတဲ့အတိုင်း
ပြန်ပြီး​ပြောပြတာပါ
ကျွန်​​တော်​လီဆယ်​​ပြောတာ တစ်​ခုမှမပါဘူး
ယုံတာမယုံတာ ခင်​ဗျားတို့သမိုင်း...
မ​မေးနဲ့ ... ခင်​ဗျားတို့​မေးမှာကျွန်​​တော်​သိတယ်
ကျွန်​​တော်​ကဘာ​ကြောင့်​ မှတ်​မိ​နေသလဲလို့
မေးချင်​တာမဟုတ်​လား
ကျွန်​​တော်​ကိုယ်​တိုင်​က ပြတိုက်​ရဲ့ကျိန်​စာထက်
အဆ​ပေါင်းများစွာ စွမ်းအားကြီးမားတဲ့
သတိရခြင်းကျိန်​စာမိထားလို့ပါပဲ
ဒါ​ကြောင့်​​ပြတိုက်​ရဲ့​မေ့​လျော့ကျိန်စာဟာ
အစွမ်းမပြနိုင်ေ​​​​​တာ့တာ​ပေါ့
Chocobo
No comments:
Post a Comment
Featured Post
".'.'.'CHO" ( New Version.FEB 2016 )
".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...