Sunday, January 17, 2016

ပဋိပက္ခ​တောင်​ပံအခတ်​မှာပျက်​ကျသွား​သော​နေကို ပဉ္စမအကြိမ်​​တွေ့ရှိခိုက်​​ရေး​သောကဗျာ

ပဋိပက္ခ​တောင်​ပံအခတ်​မှာပျက်​ကျသွား​သော​နေကို
ပဉ္စမအကြိမ်​​တွေ့ရှိခိုက်​​ရေး​သောကဗျာ

တိမ်​လွှာ​တွေ အလွှားလိုက်​ကွာကျသွားတဲ့အ​ကြောင်း
ရေးထားတဲ့ကဗျာတစ်​ပုဒ်​ ​နေဝင်​သွားတယ်
ကြည့်​ပါ
နာရီအိုကြီးရဲ့ ချိန်​သီးမှာခိုစီးရင်း
အချိန်​ဖြုန်းရတာကိုနှစ်​သက်​​နေခဲ့မိတာကြာ​ပေါ့
လမ်းမဟုတ်​တဲ့လမ်း​ပေါ်က
လမ်း​ပျော်​တစ်​​ယောက်ကို
ဘယ်​​ပေတံနဲ့တိုင်းတာမလဲ
အနုတ်​အသိမ်းထူထူလိမ်းကျံထားတဲ့
နံရံ​​တွေအ​​ပေါ် 
ဒေါင်​လိုက်​​လျောက်တတ်တာကလွဲ​လို့ 
ငါ့မှာပြစရာဘာမှမရှိ
ရွေးခြယ်​ခွင့်​နဲ့အမြဲအိုးစားကွဲတတ်​တာလဲ
ငါ့ရဲ့ထုံးစံလိုဖြစ်​​နေပြီ
ဘူတာအိုရဲ့ပလက်​​ဖောင်း​ပေါ်မှာ
အစာရှာ​နေတဲ့ကြွက်​စုတ်​တစ်​​ကောင်​ဟာ
နေဘယ်​ကထွက်​ပြီးဘယ်​ကဝင်​သလဲ
စိတ်​ဝင်​စားမယ်​လို့​မျှော်​လင့်​ထားရင်
မှား​တော့မ​ပေါ့
လမ်းမီးတိုင်​​အောက်​ပုရစ်​​ကောက်​​နေတဲ့
က​လေး​တွေကို​တွေ့ တိုင်း
ဘဝဆိုတာဘာလဲဆိုတဲ့​မေးခွန်းက
ပြန်​ပြန်းပြီးအနာရင်းလာတယ်

ကြိုးပြတ်သွားတဲ့​​လေတံခွန်တစ်စင်းကို
ေ​နှာင်ကြိုးမဲ့​​လေတံခွန်ဆိုပြီး
ေ​ငး​​မောအားကျခဲ့ဖူးတာ ​​တွေးကြည့်တိုင်း
နောင်တမရတာ​​​တော့သေချာတယ်

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...