ပေါက်ကရ ၄၅
ကောင်မလေးရေ
မင်းဟာငါ့ရဲ့---
ပေါက်ကရကောင်မလေး ဖြစ်တယ်
ငါ့ရဲ့ pretty woman ဖြစ်တယ်
ငါ့ရဲ့ငှက်ဝါမလေး ဖြစ်တယ်
ငါအထပ်ထပ်ကြည့်တဲ့ Ghost ဇာတ်ကားထဲက
မပြောင်းလဲတဲ့သံစဉ်ဖြစ်တယ်
ငါလက်ထပ်ချင်တဲ့ ဒယ်မီမိုးဖြစ်တယ်..
ငါကြိုက်လွန်းလို့ ပြီးဆုံးသွားမှာစိုးပြီး
ဇာတ်သိမ်းခန်း မဆော့ပဲထားတဲ့
Final fantasy VIII game ဖြစ်တယ်
မင်းဟာငါ့ကဗျာတွေရဲ့
မြစ်ဖျားခံရာအရပ်ကို
ပိုင်စိုးသူဖြစ်တယ်
ချိုကိုဘို
No comments:
Post a Comment