Wednesday, January 20, 2016

ပေါက်​ကရ ၄၃

ပေါက်​ကရ ၄၃

ကောင်မလေးရေ
မင်းကိုချစ်တာ
ကျဘမ်းအချစ်နဲ့ချစ်ခဲ့တာမဟုတ်လေတော့
ကျဘမ်းမလွမ်းတတ်တာမဆန်းပါဘူးလေ
သေသေချာချာထုဆစ်ထားတဲ့ သံယောဇဉ်ဟာ
တခမ်းတနားရုပ်လုံးကြွလျက်

ဝေးကွာခြင်းဆိုတာကို
ကိုယ့်ရဲ့ပထဝီဘာသာရပ်မှာ
နီးစပ်ခြင်းလို့အဓိပ္ပါယ်ဖွင့်ဆိုတယ်
တစ်ယောက်နဲ့တစ်ယောက် နှလုံးသားချင်း
မနီးစပ်သူတွေဟာ လူချင်းအကွာအဝေးကို
ထည့်တွက်နေကြလိမ့်မယ်မထင်ပါ
မင်းနဲ့ကိုယ်က
နှလုံးသားချင်းနီးစပ်ရုံမက
တစ်ထပ်တည်းတောင်ကျနေမှပဲကု

ချို ကိုဘို

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...