Sunday, January 17, 2016

ပဋိပက္ခ​တောင်​ပံအခတ်​မှာပျက်​ကျသွားသော​နေကို ဆဌမအကြိမ်​​တွေ့ရှိခိုက်​​ရေး​သောကဗျာ

ပဋိပက္ခ​တောင်​ပံအခတ်​မှာပျက်​ကျသွားသော​နေကို
ဆဌမအကြိမ်​​တွေ့ရှိခိုက်​​ရေး​သောကဗျာ

နိုးလျက်​မက်​​သောအိပ်​မက်၌အနာတရတို့ကြီးစိုး
လေ​သောအခါ.....
တည်​ဆဲ​ဝေဒနာအရ ထိုအရာကိုအချစ်​ဟု​ခေါ်တွင်​အပ်​၏
အပြင်းစား​ရော့ခ်ကဗျာ​တစ်ပုဒ်၌
ထည့်သွင်း​​​​ဌာပနာခြင်းငှာ​ထိုက်တန်၏

အခန်းပြတ်ပြဇာတ်​​မှာတိုပင်တိုငြားလည်း
နာကျင်ခြင်းအမည်ရပဲ့တင်​သံကား
အဆုံးအပိုင်းအခြားမရှိ

အစွန်းထွက်​တန်​ဖိုးကိုသက္ကရာဇ်​ဖြို​သောခဏ
နေသည်​​မြောက်​အရပ်​သို့ ချည်း​လေပြီ

အကျွမ်းဝင်​ခဲ့မိသမျှ အကြွင်းကားအလွမ်း​​၌
မေးတင်​လျက်တည်​၏

သုဒ္ဓကိန်းတစ်​ခုကို
တန်​ဖိုးတူသုဒ္ဓကိန်းဖြင့်​သာ စား၍ပြတ်​​ကြောင်း
အသိ​နောက်​ကျခဲ့မိ​လေခြင်း

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...