ကျွန်တော်နှင့် ပိုက်တပ်ယဉ်ကျေးမှု
လ္ဘက်ရည်ခွက်မှာ ဘာမှတပ်မထားရင်ရိုးရိုး
ဇွန်းတပ်ထားရင် ရှယ်
ပိုက်တပ်ထားရင်ဘယ်ခေါ်မလဲဆိုတဲ့
ပြသနာရဲ့အစကဒီလိုဗျ
တစ်ရက်သားမှာ လ္ဘက်ရည်ကိုခွက်လိုက်မော့သောက်ပြီး
အအေးကျတော့ ပိုက်နဲ့စုပ်သောက်ကြတာ
ဘာကွာတာလဲသိချင်တာနဲ့
ဆိုင်မှာလ္ဘက်ရည်မှာပြီးပိုက်တပ်ခိုင်းတော့
စားပွဲထိုးရဲ့အမျိုးအမည်တပ်မရတဲ့
အကြည့်နဲ့ကြည့်တာကိုခံလိုက်ရတယ်
ကျွန်တော့်စိတ်ထင်ပိုက်တပ်ထားတဲ့အကြည့်နဲ့တူတယ်
ဘေးလူတွေကလဲကွက်ကြည့်ကွက်ကြည့်နဲ့
ကျွန်တော်သောက်တာကိုဝိုင်းကြည့်နေကြတယ်
သူတို့မျက်လုံးထဲမှာကျွန်တော့်ကို ဂြိုဟ်သားလို့
မြင်နေသလားမသိ
ကျွန်တော်ကတော့ဂရုမစိုက်ပါဘူး
ကိုယ့်ဖီးနဲ့ကိုယ်အရသာခံသောက်နေလိုက်တယ်
သောက်ရတာအတော်အဆင်ပြေတာပါဆို
မယုံရင်ခင်ဗျားတို့အဲလိုလေးသောက်ကြည့်လိုက်
ကြိုက်သွာစေရမယ် အဲဒီဖီးလ်ကို
ကျွန်တော်လဲသောက်ကောင်းကောင်းနဲ့
သုံးခွက်ဆင့်သောက်ပစ်လိုက်တယ်
ကိုယ့်ဘာကိုယ်ဈန်ဝင်နေလို့သတိမထားမိတာ
သတိရလို့ဘေးဘီလဲကြည့်လိုက်ရာ
ဆိုင်ထဲမှာလူတွေအများကြီးဖြစ်နေပြီ
အားလုံးရဲ့မျက်လုံးက ဘယ်မှာလဲဆိုတာ
ပြောစရာမလိုတော့ပါဘူးနော
ကျွန်တော်ဆိုတဲ့ကောင်ကလဲ သူများတွေကိုယ်ကို
ဘယ်လိုမြင်မလဲသိပ်ဂရုမထားတတ်တဲ့ကောင်
ဆိုတော့ အေးဆေးပဲ
ပိုက်ဆံရှင်းမလို့စားပွဲထိုးလှမ်းခေါ်လိုက်တယ်
ဆိုင်ရှင်ကိုယ်တိုင်ကဗျာကယာရောက်လာပြီး
ဘာပြောလဲဆိုတော့
"ဆရာလေး လ္ဘက်ရည်ထပ်မှာမလို့လား
နဲနဲတော့စောင့်ရမယ်
ဆရာ့ကြောင့်ဆိုင်မှာလူအရမ်းကျပြီး
တစ်ရက်စာနှပ်ထားတာ တစ်နာရီမပြည့်ခင်ကုန်သွားလို့" တဲ့ဗျ
ကျွန်တော်ကလဲမမှာတော့ဘူး
ပိုက်ဆံရှင်းမလို့လိုပြောတော့ ကျေးဇူးရှင်ကမယူဘူးဗျာ
ဖြစ်နိုင်ရင် ကျွန်တော်သောက်နိုင်သလောက်
တစ်နေကုန် ထိုင်သာက်စေချင်တယ်ဆိုပဲ
အဲဒီနေ့ကစပြီးဆိုင်ရှင်နဲ့ကျွန်တော် အရမ်းခင်တဲ့
သူငယ်ချင်းတွေဖြစ်သွားကြတယ်
သူ့ဆိုင်မှာကျွန်တော်သောက်တဲ့လက္ဘည်ဖိုးကို
ပိုက်ဆံလုံးဝမယူရဘူးဆိုတဲ့စည်းကမ်းချက်
အသစ်တစ်ခုလဲတိုးသွားတယ်
Chocobo
No comments:
Post a Comment