အိပ်တန်းပျောက်ငှက်ငယ်များသို့ ၂
ဟုတ်ကဲ့
ခေါတ်နဲ့အညီ ထုလုပ်ထားတဲ့
ဓားတစ်လက်မဟုတ်ဘူး
သို့သော်
နည်းနည်းတော့ခေါတ်စော်နံကောင်းနံပါလိမ့်မယ်
အလိုတူအလိုပါမဟုတ်တာတော့သေချာတယ်
ကြည့်ပါ
သူကိုယ်သူအိုးထိန်းစက်ပေါ်တင်ပြီး
မူးနေတဲ့ အိုးထိန်သည်တစ်ဦးပမာ
အနှစ်ရှာ
အနှစ်နှစ်အလလတို့ကို
ရင်းနှီးခဲ့ရသော်လည်း
ဘုရားစူးမတွေ့ချင်၍ မတွေ့သေး
ဒီအတိုင်းပဲ
ဟိုအတိုင်းဖြစ်သွားရှာတဲ့
ဒီအတိုင်းတစ်ခုနဲ့တွေ့ခဲ့ရ
အဆုံးမှာ
အစဖွာထွက်ပြီး အစသတ်ခက်နေတဲ့
မှော်ဆရာရဲ့ ကြာပွတ်တစ်လက်ကိုတီးခတ်ရင်း
ပလိုင်းပေါက်ဖါဖို့ရာ
ဖားအရေခွံအရှာထွက်လာခဲ့ရပြီ
Chocobo
No comments:
Post a Comment