Thursday, January 21, 2016

မင်းကြီးတာ

မင်းကြီးတာ

စေတန်တစ်ကောင်နဲ့ စီးချင်းထိုးရင်း
သိလိုက်ရတာက
စေတန်ဆိုတာအိမ်တွင်းဖြစ်ပစ္စည်းပါလားလို့
အကြမ်းထည်အတိုင်းပေါ်လာတဲ့စေတန်
ပါကင်လှလှနဲ့ထုတ်ပိုးထားတဲ့စေတန်
အိမ်တွင်းအမှိုက်တွေ အညစ်အကြေးတွေဟာ
၎င်းတို့ပေါက်ပွားရှင်သန်ရာ
ဘူမိနက်သန်နေရာတွေပါပဲ

တချို့တချို့သောအိမ်တွေမှာ
စင်နဲ့တကွကိုးကွယ်ထားတာလဲတွေဖူးရဲ့
အဲသလိုအိမ်မျိုးဆို
တတ်နိုင်သလောက်ရှောင်တာအကောင်းဆုံးပဲ

ကျွန်တော်အိမ်မှာလား
ကြောက်စရာမလိုပါဘူး
လောလောဆယ်စေတန်နဲ့တူတာဆိုလို့
ကျွန်တော်တစ်ကောင်တည်းရှိတယ်

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...