Tuesday, January 19, 2016

ကြယ်​စုန်​ညမှာဝပ်​တဲ့လ

ကြယ်​စုန်​ညမှာဝပ်​တဲ့လ

ခြ​​င်္သေ့​တွေ သတ်သတ်လွတ်မစားတာ
ဓမ္မတာမို့​​ပြောစရာမရှိ​​ပေမယ့်
ယုန်ေ​တွအသားစားကုန်ကြတာ
ပြောစရာဖြစ်​လာပြီ
စား​​ကောင်းသောအသား မစား​​ကောင်း​​သောအသား
ဇာတ်​တူ၏ မတူ၏​တောင်
မ​ေ​ရြးၾက​ေ​တာ့ဘူး

သံ​တွေသံ​ချေးတက်​တာမ​ပြောလို
ရွှေ​တွေသံ​ချေးတက်​ကုန်​တာကဘာ​ကြောင့်​လဲ
ဘာ​တွေဖြစ်​ကုန်​တာလဲ
ဘာ​တွေမဖြစ်​ကုန်​တာလဲ

ဒီအတိုင်းဆက်​သွားရင်
ကမ္ဘာကြီးလည်း လုံးပြားပြား​တော့မယ်
ကြည့်​သမျှမြင်​သမျှ ​ထောင့်​မကျိုး
ငါ့မျက်​လုံးကပဲ
တစ်​ဖက်တစ်​မျိုးဖြစ်​​နေလို့များလား

မိုးခါးရည်​​ခောတ်​ကြီးမှာ
ငါ့ဝါကျ​တွေ​ရောငါပါ
ပုဒ်​ထီးပုဒ်​မ ​ပျောက်​ပါ​ပေါ့

Chocobo

လာ​ရောက်​လည်​ပတ်​ဖတ်​ရှုသူများအား​ကျေးဇူးတင်​ပါတယ်
အဆင်​​ပြေ၏ မ​ပြေ၏ကို
Comments များ ချီးမြင့်​​ပေးထားခဲ့ရင်
ကျွန်​​တော့်​အတွက်​အား​ဆေးတစ်​ခွက်​ဖြစ်​မှာပါ

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...