Wednesday, January 20, 2016

သောက်​ရင်း​က​ရေ​မွှေး​စော်​နံလာ​တဲ့​ဆေးပြင်းလိပ်

သောက်​ရင်း​က​ရေ​မွှေး​စော်​နံလာ​တဲ့​ဆေးပြင်းလိပ် 

ခရမ်းလွန်​​ရောင်​ခြည်​သင့်​တဲ့ညထဲ
ပျော်​ဝင်​သွားတဲ့ဆိတ်​ငြိမ်​မှု​တွေကို
အဖတ်​ဆယ်​ဖို့ကြိုးစားရင်း
မြို့က​လေးဟာ
လောင်​ကျွမ်းခံလိုက်​ရတယ်

လင်းသလိုလိုမှုန်​သလိုလို
နီယွန်​မီး​ချောင်း​တွေ​အောက်
ပိတုန်း​ကောင်​​တွေ
ဇီးကွက်​​တွေ
မြေကြွက်​​တွေ
ဓာတ်​စာရှာလျက်

ဒီအချိန်​မှာအမှန်​တရားဘက်​​တော်​သား​တွေခမျာ
အ​မှောင်​ရိပ်​ခိုပြီးလှုပ်​ရှား​နေရတယ်
နံသာဖြူ နံသာနီ​တွေဟာလဲ
သုံးဗူးငါးရာမိတ်​ကတ်​​တွေကြား
လူ​တောမတိုးနိုင်​ကြ​တော့ဘူး

တံဆိပ်​ပါ တံဆိပ်​မပါ့တပါ ပုလင်း​တွေက
မြို့က​လေးကို
ချွေးသိပ်​​ပေး​နေကြတယ်
သို့မဟုတ်
ချွေသိပ်​​ပေး​နေကြတယ်
သို့မဟုတ်
ချွေးထုတ်​​ပေး​နေကြတယ်
သို့မဟုတ်​....

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...