Monday, January 25, 2016

လောက သို့တိမ်းညွတ်​ခြင်း

လောက သို့တိမ်းညွတ်​ခြင်း

တကယ်​​တော့​လူသားဟာ
လောကရဲ့အစိတ်​အပိုင်းအ​သေး​လေးတစ်ခုမျှသာ
ထို့​ကြောင့်​ လူ့​လောကလို့ ​ပြောမဲ့
လောကသား လူ လို့​ပြောပါ

လ​ပေါ်လူ​ရောက်​တာကို
လူ​တွေကသတင်းလုပ်​လို့မဆုံး
လူ​​ပေါ်လ​​ရောက်​တဲ့ ကိစ္စ
ဘယ်လကမှ သတင်းမလုပ်ပါ

ကျားက​​နေမြဲ​​နေ​ပေမဲ့
ပိုက​နေမြဲမ​နေ​တော့တဲ့အခါ
ဖြစ်​လာတဲ့ပဋိပက္ခအတွက်
ကျား၌တာဝန်​မရှိ

ဘယ်​အရာဖြစ်​ဖြစ်​မ​ပေါများခင်​သာ
ဆန်းသလိုထင်​ရတာပါ

လောကရဲ​နေရာအနှံ့အပြားမှာ
အခိုင်​အမာစခန်း​တွေတည်​​ဆောက်​ကြပါ
ကိုယ်​ချင်းစာတရားက
စခန်းတခုနှင့်​တစ်​ခုကြား
အလိုလို​လမ်းဖေါက်​သွားပါလိမ့်​မယ်

လောကရဲ့ပင်ကိုယ်​သ​ဘောမှာ
အဆံမရှိသလို ဟန်​လဲမရှိပါ
အနှစ်​မဲ့ခြင်းသည်​သာ
တစ်​ခုတည်း​သော
အဓိကအနှစ်​သာရဖြစ်​တယ်

လောကဟာ
အခါခပ်​သိမ်း တရားတယ်
ေ​လာကရဲ့နံရံမှာ ​​ပေါ်​​နေတဲ့ မတရားမှု​တွေဟာ
လူသား​တို့ရဲ့ ပုံရပ်စစ်များထင်​ဟပ်​​နေခြင်းသာ

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...