ကိုယ်တိုင်ရေးစိတ်ပုံကြမ်း
(သို့မဟုတ်) ဖြောင့်ချက်
ကိုယ့်စိတ်ကိုပုံတူဆွဲဖို့
ကိုယ်သာအသင့်တော်ဆုံး ပန်းချီဆရာဖြစ်တယ်
ကိုယ့်ဘာသာကိုယ်စရိတ်ငြိမ်းလိုက်ရတာလဲ
လောကမှာစိတ်ချမ်းသာခြင်းတစ်မျိုး
စိတ်ရဲ့ဝင်ပေါက်ကို ချဲ့နိုင်သမျှချဲ့ပြီး
လုံခြုံရေးအပြည့်ချထားတယ်
အတွင်းပိုင်းလေဖိအားကို
အပြင်ပိုင်းလေဖိအားထက် အမြဲနိမ့်နေအောင်တော့ချိန်ညှိထားတယ်
အပူချိန်ကိုတော့အအေးချိန်မှာပဲ
ပုံသေထားတယ်
ကိုယ်အရာင်နဲ့ကိုယ်ရောင်တဲ့ဧည့်သည်တွေ
ကိုအဓိကထားလက်ခံမယ်
နာမည်နဲ့နေရပ်လိပ်စာမရေရာ
တဲ့ ဧည့်သည်တွေကိုတော့
စိစစ်ရပါလိမ့်မယ်
ခွေးတိုးပေါက် တစ်ခုတစ်လေတော့
မနိုင်လို့လက်ပိုက်ကြည့်နေရတယ်
ကိုယ်တိုင်လဲတခါတလေ
လူမသိသူမသိ
ငရဲသားတွေခိုးသွင်းဖို့
ဒါမှမဟုတ်
ဂျီကျတတ်တဲ့ သားဆိုးတွေကို
တိတ်တတ်လေး
ခိုးထွက်ခိုင်းဖို့သုံးနိုင်တာပေါ့
Chocobo
No comments:
Post a Comment