Tuesday, January 26, 2016

ခရီးတ​ထောက်​၌​တွေ့ ရှိ​သော ပန်းတိုင်​အ​ယောင်​​ ဆောင်​ထားသည့်​ခလုတ်​ကန်​သင်းများကိုရှင်းလင်း ရန်​​ရေး​သောကဗျာ

ခရီးတ​ထောက်​၌​တွေ့ ရှိ​သော ပန်းတိုင်​အ​ယောင်
ဆောင်​ထားသည့်​ခလုတ်​ကန်​သင်းများကိုရှင်းလင်း
ရန်​​ရေး​သောကဗျာ

စက်​ဘီး​ခြေနင်းတစ်​ခု
နိမ်​တုံမြင့်​တုံဖြစ်​​နေမှ
စက်​ဘီး​ရွေ့လျားဖို့ energyကိုရတယ်
မျက်​​စေ့မှန်​ဘီလူးရဲ့
Focus အ​ပြောင်းအလဲ မှာ
အက်​စီးဒက်​တစ်​ခု
စူးခနဲလက်​ခနဲ​ မွေးဖွားတယ်
ကိုယ်​တိုင်​ပတ်​သက်​ခဲ့ဖူး​သော
မိုးပျံပူ​ဖောင်းများ ​လောင်​စာမကုန်​မီ
နှစ်​ပက်​​​လောက်​​တော့ခွင့်​ပြုပါ
မူလညစာအစာမ​ကြေမီ
တည်​ခင်းတဲ့ ညလယ်စာမှာ
ဆားသားဟင်းကအဓိကဟင်းလျာအ​​နေနဲ့ 
ပါဝင်လာတယ်
တွေ့ထိဖန်များလွန်းလို ဖြစ်ေ​ပ်ါလာတဲ့
ပွန်းရှမှုေ​တွဟာ
အကျွမ်းဝင်ခြင်းကို​ ​ဖေါ်ပြတယ်
စခန်းသာမေ​ရာက်​မီ​​စပ်ကြားသုံးစွဲရန်
ရင်ကွဲဇရပ်တစ်​​​​​ခု​ဆောင်​ထားတယ်
အစီအစဉ်​​ကြေငြာသူနဲ့အခမ်းအနားသဘာပတိ
တစ်​​ယောက်​တည်းဆိုတာ
ပရိတ်သတ်မသိပါ​စေနဲ့ 
လမ်း​​ဟောင်း​ကို
နာမည်အသစ်ကင်ပွန်းတပ်လိုက်ရုံနဲ့
်လမ်းသစ်ဖြစ်ေ​ရာလား
နာရီတစ်​လုံးမှာပါတဲ့
လက်​တံ​တွေရဲ့အသွားနှုန်းနဲ့ 
ရောက်​ရှိခရီးတန်​ဖိုး ​ပြောင်ြး​ပန်​အချိုးကျတယ်
နိယာမတိုင်းမှာရှိ​လေ့ရှိထရှိတဲ့ ချွင်းချက်​​တွေကို
မြင်​သာ​အောင် ​Hight light လုပ်​ပြီး
Bookmark မှတ်​ထားတယ်
စစ်​မ​ရောက်​မီ ရိက္ခာအတွက်​အမဲလိုက်​ရင်
လက်​မ​ချော်​ဖို့ဂရုစိုက်​ပါ
သုံးပြီးသားမြားကို ပြုပြင်​ပြီး
ထပ်​တလဲလဲပြန်​သုံးလို့ရပါတယ်
မီးတုတ်​အတွက်​သုံးတဲ့​လောင်​စာကို
မီးပုံပွဲအတွက်​မသုံးပါနဲ့
သံလိုက်​အိမ်​​မြှောင် လက်တံအတွက်
အပို​​ spare part ​ဆောင်ထားတယ်
လမ်းဆုံလမ်းခွလမ်းခွဲ​တွေမှာ အပိုလက်​တံက
ပြတဲ့လမ်းကို​ရွေးတယ်
တောနက်​​လေ သာယာ​လေ သားရဲ​ပေါ​လေ

နောက်​​ကြောင်း​​ပြန်​ခရီးက​တော့ ဘယ်ေ​တာ့မဆို
အသွားခရီးထက်​လွယ်​တာချည်းပါပဲ
အလွယ်​ခရီးရဲ့ဆုံးသတ်​မှာ
ပန်းတိုင်​ရှိမရှိ မ​သေချာတာ​လေးတစ်​ခုပဲ

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...