သဘာဝသို့ ဒုတိယအကြိမ်တိမ်းညွတ်ခြင်း
သဘာဝဆိုတာဘာလဲ?
အရာအားလုံးဟာ သဘာဝနဲ့ ဆက်စပ်တည်ရှိကြတယ်
သိသည်ဖြစ်စေ မသိသည်ဖြစ်စေ
အရာဝတ္ထုတိုင်း လူတိုင်း ရဲ့ သဏ္ဌာန်မှာ သဘာဝတရားကကိန်းအောင်းနေတယ်
ခင်ဗျားလည်းသဘာဝ
ကျွန်တော်လည်းသဘာဝ
အားလုံးဟာ
သဘာဝအကြီးထဲက သဘာဝအမွှားလေးတွေဖြစ်ကြတယ်
တစ်ခုစီ တစ်ဦးစီ ရဲ့ သီးခြားသဘာဝ ရှိသလို
အားလုံးနဲ့ ဘုံဆက်နွယ်နေတဲ့
သဘာဝတရားလဲရှိတယ်
ချစ်ခြင်း မုန်းခြင်းသည်လည်း သဘာဝ
တိမ်းညွတ်ခြင်း လစ်လျူ ပြု ခြင်းသည်လည်းသဘာဝ
ရှင်သန်ခြင်း သေဆုံးခြင်းသည်လည်း သဘာဝ
အထူးခြားဆုံးက ဘယ်အရာနှင့်မှ
ဆက်နွယ်ပတ်သက်မှုမရှိတဲ့
သဘာဝတရားတစ်ခုလဲရှိနေတယ်
အဲ့ဒါက အဆုံးစွန်မှန်ကန်မှုရဲ့လျို့ဝှက်ချက်ပဲ
သဘာဝထဲမှာ သဘာဝအဖြစ်နေထိုင်ပြီး
သဘာဝနဲ့ကင်းကွာနေရခြင်းဟာ
၎င်းနောက်ဆုံးသဘာဝကို
မသိလို့ပဲ
Chocobo
No comments:
Post a Comment