အရူး/အကောင်း/အနှမ်း ဘာကိုရွေးမလဲ
ကျူပင်ခုတ်ရင်ကျူရိုးမကျန်အောင်
ဘယ်သူမှမခုတ်ကြ
မကျန်အောင်ခုတ်ဖို့လဲမလွယ်ဘူးလေ
ဒါ့ကြောင့်လဲလောကစက်ဝိုင်းက
ပုံမှန်လည်ပတ်နေတာပေါ့
မညီမျှခြင်းတစ်ခုကို ညီမျှခြင်းချဖို့
တစ်ဖက်နဲနဲစီ
အတိုးအလျော့လုပ်ကောင်းပါတယ်
အကျွေးအမွေးဧည့်ခံကောင်းလို့
စည်ကားတဲ့ပရိတ်သတ်ရှေ့မှာ
ကိုယ်တိုင်နားလည်မလည်မသေချာတဲ့
စာတွေဖတ်ပြရတာမျိုးတော့မလုပ်ချင်ပါ
အသားမတတ်နိင်လို့စားတဲ့
သတ်သတ်လွတ်ဟင်းလျာဟာ
လောကမှာအညှီဆုံးပဲ
ဒီလိုလူမျိုးတွေကို
လက်ပံပွင့်တွေကတော့
့ကြည်ညိုချင်ကြည်ညိုမှာပေါ့
တကယ်တော့အကြွေးရှင်ဆိုတာ
မသေသေးတဲ့အကြွေးကိုခေါ်တာပါ
အသေဆိုးနဲ့မသေရဖို့ဂရုစိုက်နေရတာနဲ့
အနေမဆိုးဖို့မေ့လျော့နေကြတာ
သေပြီးမှတော့အသေဆိုးမဆိုး
အရေးပါပါအုံးမလား
အကောင်းမလုပ်နိုင်သေးရင် အရူးပဲလုပ်လိုက်မယ်
ဟိုမရောက်ဒီမရောက် အနှမ်းတော့
မလုပ်ရေးချမလုပ်
Chocobo
No comments:
Post a Comment