ကျွန်တော့်တံခါးကိုလာခေါက်ပို့စ်မော်ဒန်၏ အောက်ခြေမှတ်စုတစ်ခု
ရက်ကိုလစား လကိုနှစ်စား
နှစ်ကိုသက္ကရာဇ်စား
သက္ကရာဇ်ကို ခေါတ်စား
ခေါတ်ကို လူငယ်စား
လူငယ်ကို မော်ဒန်စား
မော်ဒန်ကို ပို့စ်မော်ဒန်စား
ပို့စ်မော်ဒန်ကို စားလောက်တဲ့အစားကိန်း
လတ်တလော
ပဋိသန္ဓေပင်မတည်သေး
သူ့ရဲ လွတ်လပ်မှု
လွတ်လပ်ခွင့်ကိုအလေးထားမှု
ပုံသဏ္ဌာန်မဲ့မှု ပုံသဏ္ဌာန်
သို့မဟုတ်
သဏ္ဌာန်အားလုံးနဲ့ လိုက်လျောညီထွေနိုင်စွမ်း
ဒါတွေဟာ သူ့ကို သက်ဆိုးရှည်စေလိမ်မယ်
သူဟာ ကိုယ်တိုင်ပြောင်းလွဲနိုင်စွမ်းရဲ့
အကောင်းဆုံးပြယုဂ်
အတွင်းသပ်လျို ဝင်ရောက်ပြီး
အပြောင်းအလွဲ ကိုငြင်းဆန်ခြင်းဖြင့်
သူ့ကိုကျဆုံးခန်းပို့မယ့်
သူလျိုများ
သို့ မဟုတ်
ဗိုင်းရပ်စ်များကို ကာကွယ်ဖို့
ဘယ်သူမှာတာဝန်ရှိပါသလဲ
ဒီအတွက်လဲ စိတ်ပူရန်မလိုပါ
သူဟာ သူ့အတွက်လိုအပ်တဲ့
Antivirus ကို အချိန်နဲ့တပြေးညီ
ကိုယ်တိုင် ထုတ်လုပ်ပါလိမ့်မယ်
Chocobo
No comments:
Post a Comment