Thursday, January 21, 2016

ပျော်​ဝင်​ခြင်းတို့စီးဆင်းရာ

ပျော်​ဝင်​ခြင်းတို့စီးဆင်းရာ

တိမ်ကြားက​ေ​နျပူတစ်ပြူတစ်နဲ့
ေ​ချာင်းကြည့်ေ​​နတဲ့ လက​လေးကိုမှ​အားမနာ
ဘုတ်​တစ်​​ကောင်​စူးစူးဝါးဝါးထအီတယ်
အ​မှောင်​ထုဟာကန့်​လန့်​ဖြတ်​တိုက်​ခတ်​လျက်
ည​​မွှေးပန်းရနံ့ကိုသယ်​ဆာင်​လာတယ်
တံခါမရှိတဲ့ပြူတင်း​ပေါက်ေ​ဘာင်​ပေါ်​မှာ
အလည်လွန်ငှက်တစ်ချို့
လာနားလိုက်ပြန်ထွက်သွားလိုက်
ဘယ်ကလာပြီးဘယ်ကိုသွားမလဲ
သိချင်​​သော်လည်း​​ မ​​မေးဖြစ်​ခဲ့

အဲဒီညက​ပေါ့
အပူချိန်ဟာလဲ
အ​​ပေါင်း​လားနှုတ်လားမကွဲပြားခဲ့
ငါဟာတမ်းတခြင်းနဲ့​ရောပြီး
ညရဲ့​သောက်​မြိုခြင်းခံရဖို့ 
စောင့်​ဆိုင်း​နေတဲ့ဝိုင်​​တစ်​ခွက်​ဖြစ်​တယ်
တစ်ခုလုံးမရ​​ပေမယ့်
တချို့တဝက်နဲ့လဲ​​ကျေနပ်​နိုင်ဖို့
ငါ့မာနကိုငါကိုယ်တိုင်
ချွေးသိပ်မှိုင်းတိုက်ထားမိတယ်
ငါဆိုတဲ့​ကောင်​ကလဲ
ညကိုစာလုံး​ပေါင်းမှန်​​အောင်​ပေါင်း​​နည်း
သင်​ခဲ့ရ​ကောင်းမှန်းမသိ​ဘူး​လေ

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...