ပဍိပက္ခတောက်ပံအခတ်မှာပျက်ကျသွားသောနေကို
သတ္တမအကြိမ်တွေ့ရှိခိုက်ရေးသောကဗျာ
အပျံစားကျရှုံးမှုတွေနဲ့ နေသားကျနေခိုက်
လျပ်စီးတစ်ချက်ရဲ့စက်ကွင်းကြောင့်
ဘဝရဲ့အဓိပ္ပါယ်ဟာ
လျပ်တပြက်အတွင်းမှာပဲ
ဖွင့်ဆိုချက်ပြောင်းသွားခဲ့တယ်
အဆင်ဆန်းအကွက်စိပ်
ဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ
ရက်စွဲတချို့ လပ်နေတဲ့ ပြက္ခဒိန်တွေရှိတယ်
နေ့စဉ်မှတ်တမ်းထဲမှာ
ပိုးကိုက်မှာအကြောင့်ကြဆုံးကတော့
ဗလာစာမျက်နှာတွေပါပဲ
တစ်သေဖူးရုံနဲ့ပျဉ်ဖိုးနားလည်ရအောင်လဲ
သင်္ချာဗေဒကိုမနှံ့စံ့ခဲ့
အခါခါသေခဲ့ဖူးပြီးဖြစ်သည့်တိုင်
လိပ်စာအတည်တကျမရှိတဲ့ 
သင်္ချိုင်းတွေကို
မှတ်တမ်းတင်ဖို့ရာလဲခက်လွန်းပါဘိခြင်း
လှိုင်းစီးချင်လျင်လှိုင်းအရိုက်ခံရမှာကို
ကြောက်နေလို့တော့ဘယ်ဖြစ်လိမ့်မလဲ
နေသာတဲ့နေ့တွေရဖို့အတွက် နေပူဒါဏ်ကိုခံနိုင်ရပါမယ်
မိုးသာတဲ့နေ့တွေရဖို့အတွက်
မိုးပူဒါဏ်ကိုခံနိုင်ရပါမယ်
ရှိတ်စဖီးယားပြောသလို
ဘဝဟာပြဇာတ်တစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုရင်
ကိုယ်တိုင်ဇာတ်ညွှန်းရေးခွင့်ရှိတဲ့ပြဇာတ်တစ်ပုဒ်ပါ
Chocobo
လာရောက်လည်ပတ်ဖတ်ရှုသူများအားကျေးဇူးတင်ပါတယ်
အဆင်ပြေ၏ မပြေ၏ကို
Comments များ ချီးမြင့်ပေးထားခဲ့ရင်
ကျွန်တော့်အတွက်အားဆေးတစ်ခွက်ဖြစ်မှာပါ
No comments:
Post a Comment