Wednesday, January 20, 2016

The Sun သို့ တိမ်းညွတ်​ခြင်း

The Sun သို့ တိမ်းညွတ်​ခြင်း

နေမင်းကြီးဟာ
နှိုးစက်နဲ့အိပ်ရာကထတယ်လို့
ကျွန်​​တော်​ဖြင့်​တစ်​ခါမှမကြားဖူးဘူး
သူဟာ time table လဲမသုံးဘူး
နေ့စဉ်​မှတ်​တမ်းမ​ရေးဘူး
စီး​တော်​ယာဉ်​ထည်​လဲနဲ့
ပျာယာခတ်​​နေတဲ့အထဲမပါဘူး

သူဟာဘယ်​​လောက်​ပဲ​လောင်​​နေပါ​စေ
ကျွမ်းမသွားဘူး
သူရဲ့​တောက်​​ပလင်းလက်​မှုဟာ
သူ့အတွက်​လဲမဟုတ်​ဘူး
တခြားဂြိုဟ်​​တွေအတွက်​လဲမဟုတ်​ဘူး
သူ့ဂုဏ်​သူ​ဆောင်​ခြင်းမျှသာဖြစ်​တယ်

ဟိုလူဒီလူ​တော့ အလင်းရ​စေ
ဒီလူဟိုလူ​တော့​လောင်​ကျွမ်း​စေ
အဲသလို​စေတနာမျိုးသူ့မှာမရှိဘူး

သူရဲ့တစ်​​ခုတည်း​သော
သနားစရားအချက်​က
ညကိုမမြင်​ဖူးခြင်းနဲ့
ညရဲ့​တေးကိုနားမဆင်​ဖူးခြင်း

ဘာပဲ​ပြော​ပြော
သူဟာ
ဂြိုဟ်​ကြီးကိုးလုံးမှာ
သုညလုံး​မြောက်​ဂြိုဟ်​ဖြစ်​တယ်

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...