Tuesday, January 19, 2016

ကောက်​​ကြောင်းများ

ကောက်​​ကြောင်းများ

စည်းဝါးမကိုက်
Tempo တက်​လိုက်​ကျလိုက်​ဖြစ်​​နေတဲ့
ဂီတတစ်​ပုဒ်​လို
လူ့ဘဝက ရာသီအ​ပြောင်းအလဲများလှ

တရိပ်ရိပ်တက်​​​​နေတဲ့ ဖိစီးမှု​​တွေက
စကာချထားတဲ့​နေ့စွဲတွေကိုဝါးမြို

မညီမညာ​ခွေးသွားစိတ်​​တွေနဲ့
ရုန်းရင်းဆံခတ်​လည်​ပတ်
ထောင့်​ဖြတ်​ဆန်​တက်​ရတဲ့​နေရက်​​များ

အနုပညာ​မြောက်​စွာ ကြမ်းရှ​မှုက
ရှင်​သန်​ခြင်းအား
သိမ်သိမ်ေ​​မွ့ မွေ့ တဖျစ်​ဖျစ်​ကုတ်ခြစ်​လျက်

မှန်​ကူကွက်​ရစ်​သမ်​စီးဆင်းရာ
အခိုက်​အတန့်​တချို့လဲ
ကြိုကြားကြိုကြား ရှိ​ရဲ့
သို့​သော်
အချိန်​မ​ရွေး ဖျားနာတတ်​သောလျပ်စစ်မီး​​နှယ်

အလင်း​ရောင်မ​​ဖောက်နိုင်​​သော
ဓာတ်​ဖန်လုံး​အကြည်​လို
ကစဉ့်​ကလျားရက်​လုပ်​ထားသော
မှော်​ဝင်​ပန်​ချီကားတစ်​ချပ်​လို
က​လေးငယ်​တစ်​ဦး
ချက်​တမ်းကစားတဲ့ဟင်းတစ်​ခွက်​လို
အချင်းဝက်​မတူ​သောစက်​ဝိုင်းစိတ်​များ
ပေါင်းစပ်​ပြီးရလာတဲ့ စက်​ဝိုင်းတစ်​ခုလို
ကော့​တေးမှပြန်​စစ်​ထုတ်​ထားတဲ့ဝိုင်​တစ်​ခွက်​လို
အကျက်​မညီ​သော ဘဲကင်​တစ်​​ကောင်​လို
်​ငိုက်​​မြည်း​နေတဲ့အခမ်းအနားအစီအစဉ်လို
မီးခံ​သေတ္တာထဲက ကြွက်​သိုက်​လို
အောက်​ဆီဂျင်​မရှိတဲ့အရပ်​မှာသာရှင်​သန်​တဲ့
တန်​စတင်​ဝိုင်​ယာလို
လူ့အရည်​အချင်းများကို ​မောင်​ပိုင်​စီးလိုက်​​သော
ဆာတီဖီကိတ်​လို
အဲသည်​လို အဲသည်​လို
ရယ်​ရအခက်​ ငိုရအခက်
လူကြီးကစားစရာ​တွေထွက်​ရှိရာ
ဆူညံရပ်​ကွက်
ဒါလူ့ဘဝ

Chocobo

လာ​ရောက်​လည်​ပတ်​ဖတ်​ရှုသူများအား​ကျေးဇူးတင်​ပါတယ်
အဆင်​​ပြေ၏ မ​ပြေ၏ကို
Comments များ ချီးမြင့်​​ပေးထားခဲ့ရင်
ကျွန်​​တော့်​အတွက်​အား​ဆေးတစ်​ခွက်​ဖြစ်​မှာပါ

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...