Friday, January 22, 2016

ဘာဖြစ်​ဖြစ်

ဘာဖြစ်​ဖြစ်​ 

အကြည်​​ရောင်​​တောက်​​တောက်​ ​ရေကန်​တစ်​ခုထဲ
ကျီးကန်းတစ်​​ကောင်​ မမြင်​မစမ်းနဲ့ပြုတ်​ကျသွားတယ်
ဖားဂုံညင်းတစ်​​ကောင်ကြာရွက်​​ပေါ်
ခုန်​တက်​လာတယ်
ဒီလိုနဲ့ပဲ ပတ်ဝန်ကျင်ထိန်းသိမ်​​ရေးသမားေ​​​​​​တွနဲ့ 
ကမ္ဘြာ့ငိမ်းချမ်းရေးေ​​ဖါ်​​ဆောင်သူ​​တွေအကြား
နယ်ေ​မြလုပွဲ စတင်လာ​​တော့တာပဲ
နောက်​ကျိသွားတဲ့​ရေကန်​ကိုကယ်​ဆယ်ရန်ဆိုတဲ့
အေ​ကြာင်းပြချက်နဲ့ 
အလွှာ​ပေါင်းစုံကလူ​​တွေ မျက်နှာဖုံး​အမျိုးမျိုးနဲ့
ကစားပွဲထဲ ဝင်​လာမစဲ တဖြဲဖြဲ
တချို့က အသဲအမဲ အသည်းအမည်း
အလဲလဲအကွဲကွဲ​တွေကလဲမနည်း
ကမ္ဘာ့အ​ရေပြားတစ်​ခုလုံးလဲ အနာပြည်​တရွှဲရွှဲ

နေစကြာဝဠာရဲ့နာမည်​​ကျော်​ဂြိုဟ်​ပြာကြီး
မီးခိုး​ရောင်​မ​ပြောင်းခင်
ယမ်း​ငွေထုတ်​ကိရိယာ​တွေ မျက်​နှာဖုံး​​တွေ
ဇာတ်​သိမ်းရင်​လဲသိမ်း
ဒါမှမဟုတ်
ငါဇာတ်​သိမ်းရင်​လဲသိမ်း

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...