Sunday, July 3, 2016

ကိုယ့်​ထီးကိုယ့်​နန်းကိုယ့်​ကြငှန်း

ကိုယ့်​ထီးကိုယ့်​နန်းကိုယ့်​ကြငှန်း

ကိုကာကိုလာယဉ်​​ကျေးမှုနဲ့
ဘယ်​​တော့မှအသားကျမှမဟုတ်​တဲ့ငါ
အသားကျဖို့လဲကြိုးစားမှာမဟုတ်
အရာရာ၌​ရောင့်​ရဲတင်းတိမ်​နိုင်​စွမ်းကိုသာလျင်
ငါအတပ်​မက်​ဆုံး

အများသုံးဘဝ​အောင်​မြင်ခြင်း​ပေတံ​တွေဟာ
ငွေချီး​စော်​နံကနံသနဲ့
ငါဂရုစိုက်​တာ
အလှမ်းကျဉ်းကျဉ်း​​နဲ့
အလယ်​လတ်​​နေတတ်​တဲ့ အထဲမှာမပါဖို့ပါ

မည်​သို့ဆို​စေ
ငါ့ရဲ့​ကောင်းကင်​ဟာ
ငါ့တစ်​ကိုယ်​စာအတွက်ေ​​တာ့
ကောင်းစွာလုံ​လောက်​​နေပြီးသား

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...