###ပန်းသီးတစ်လုံး၏အသည်းကွဲနိဒါန်း(ခ)နိဂုံး###
နတ်နေကိုင်း, ကြယ်မျက်ရည်(ထီလာ), လက်ယာ, ချိုကိုဘို
ပန်းသီးတစ်လုံးကပေးခဲ့တဲ့………
ဒဏ်ရာဒဏ်ချက်တွေသာ……
အဲ့လောက်များမယ်မှန်းသိခဲ့ရင်……
အာဒံကိုငါကိုယ်တိုင်သတ်ခဲ့မိမှာပါ……။
{နတ်နေကိုင်း}
ဧဝကိုချစ်မိရုံနဲ့
ပြန်ရခဲ့တဲ့ ဘေးထွက်ဆိုးကျိုးတွေ
အားမနာတမ်းပြောကြကြေးဆို
ဖန်ဆင်းရှင်မတရားဘူးဗျာ
နယူတန်ရဲ့ နိယာမတွေကိုမှားစေခဲ့ပြီလား ။
ကြယ်မျက်ရည်(ထီလာ)
ဘယ်သူက အာဒံကိုမေးမေး
ဘယ်သူက ဧဝကိုသတ်သတ်
သူဘာသူ နေတဲ့ပန်းသီးတော့
ကိုက်မစားမိစေနဲ့...။
ပန်းသီးပေါ်ကဒါဏ်ရာက
သင့်ရင်ဘတ်မှာ လာပြီး
နာကျင်နေမှာစိုးလို့ပါ..။
လက်ယာ
သေရာပါမယ့်ခံစားချက်အတွက်
ရင်ဘတ်က အသင့်ဖြစ်ခဲ့တဲ့ ငါ
နယူတန်နဲ့လည်း မသိကျွမ်း
ဖန်ဆင်းရှင်လည်း ဘယ်ဆီမှန်းမသိရ
ရူးမိုက်စွာပဲ ချစ်ပါရစေ
ကြင်နာသူက ဧဝမှမဟုတ်ခဲ့တာ......။
ကြယ်မျက်ရည်(ထီလာ)
ငါ့ရင်မှာငိုကြွေးခဲ့တဲ့မျက်ရည်တွေဟာ……
မင်းအတွက်ဆိုတာမင်းသိလာတဲ့တစ်နေ့…
ငါဆိုတာဒီလောကကြီးမှာရှိနေပါစေလို့…
ငါကိုယ်တိုင်ဆုတောင်းရင်းးးးး……။
တစ်ချိန်က…………
ညီမလေးအတွက်…………။
{နတ်နေကိုင်း}
ပန်းသီးပုံပြင်တွေကြားတိုင်း
ဆာတန်ရဲ့ သွေးဆောင်မှုမှာ
မင်းမပါလေစေနဲ့လို့ဆုတောင်းရင်း
ငါ့နံရိုးငါပြန်စမ်းမိတတ်တာ
အကျင့်တစ်ခုဖြစ်နေပြီ
တကယ်တော့
ငါ့ရဲ့ နေ့ည တွေ
ငါ့ကောင်းကင် ငါ့မြေကြီးတွေကိုဖန်ဆင်းပေးခဲ့တဲ့
တန်ခိုးရှင်ဟာ
မင်းကိုယ်တိုင်ပါပဲ
အရိုးရှင်းဆုံးပြောရရင်
မင်းဟာ ငါရဲ့ကျမ်းစာပါ ကောင်မလေး...
(ချို ကိုဘို )
နတ်နေကိုင်း, ကြယ်မျက်ရည်(ထီလာ), လက်ယာ, ချိုကိုဘို
No comments:
Post a Comment