Thursday, January 21, 2016

တမလွန်​က​နေလာခဲ့တယ်

တမလွန်​က​နေလာခဲ့တယ်

ကျွန်​​တော်​​ပြောချင်​တဲ့ရင်​ဘတ်​အရိုင်းဆိုတာ
ရိုင်​စိုင်းတဲ့ရင်​ဘတ်​မဟုတ်​ပါ
အဲဒီလိုနဲ့တံခါးတစ်​ချပ်​ဟင်းလင်းပွင့်​သွားတယ်
တံခါးမှူးအလုပ်​ထွက်​သွားတယ်
ထမင်းရည်​ပူလျှာလွှဲတဲ့အ​နေနဲ့မျိုချ
ကလီစာ​တွေကျက်​စကီးပြသွားတယ်

မြေ​အောက်​ခန်းထဲ အနှစ်​နှစ်​အလလသိမ်းထားတဲ့
ဝက်​သစ်​ချစည်ထဲမှာ အမှန်​တရား​အတုတွေရှိတယ်
ကြိုက်​​ဈေးရမှ​ရောင်းမဲ့ပုပ်​သိုးကုန်​စည်​​တွေ
ဂို​ထောင်​တစ်​လုံးစာအပြည့်​ရှိတယ်

ထိုင်းနိုင်​ငံစ​တော့​ဈေးကွက်​အတက်​အကျနဲ့
ကိုယ့်​အိပ်​မက်​ဆက်​ဆက်​စပ်​​နေတယ်​လို့
့ယုံကြည်​တဲ့ဘဝင်​ရူး​တွေအတွက်
ကမ္ဘာတစ်​ဖက်​ခြမ်းကလိပ်​ပြာခမျာ
ဘုမသိဘမသိ
မနားတမ်းအ​တောင်​ပံခတ်​​နေရရှာတယ်
ဆိုင်​ဘာစစ်​ပွဲ​တွေ ကမ္ဘာအနှံ့ တင်​ပို့​ရောင်းချတဲ့
စီးပွား​ရေးလုပ်​ငန်းက​​တော့
နောက်​နှစ်​အ​တော်​ကြာကြာ
ပန်း​ပန်​​နေပါလိမ့်​ဦးမယ်
တွက်​ကိန်းထဲကစက်​သ​ဌေးဖြစ်​ရလဲ
မနည်းဘူးဆိုပြီး
တွက်​ကြချက်​ကြရင်​ခုန်ကြ
LCCI ​တွေ ACCA ​တွေ
ဈေးကွက်​မှာလူကြိုက်​များနေတယ်

ကော်​​ဇောနီခင်းပြီးကြိုဆိုဖို့်
ထိုက်​တန်​တဲ့ဧည့်​သည်တစ်​​ယောက်​အ​ဖြစ်
ခပ်​တည်​တည်​ပဲ ကိုယ်​​ကော်​​ဇောနီနဲ့ကိုယ်​လာခဲ့တယ်

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...