Tuesday, January 19, 2016

အိပ်တန်းပျောက်ငှက်ငယ်များသို့ ၁

အိပ်တန်းပျောက်ငှက်ငယ်များသို့ ၁
အဲဒီမှာ ကဗျာဈန် ကြိုးလျော့ပြီး
ကြိုးညှိကိရိယာပျောက်နေတဲ့
ကဗျာဆရာဆိုသူတစ်ယောက်ရှိတယ်
အဲဒီမှာ အဆစ်တိုင်း သံချေးခြစားပြီး
တချွင်ချွင် အသံထွက်နေတဲ့
သတ္တုလှေကား တစ်ခုရှိတယ်
အဲဒီမှာ တစစီအက်ကွဲပြိုကျပြီး
တချို့ ရေထဲမျောပါ
တချို့ ပက်ကျားအက်တွေထဲ ပိတ်မိနေတဲ့
ကောင်းကင် အပိုင်းအစတွေရှိတယ်
အဲဒီမှာ မုန်တိုင်းမိပြီး
ရွာလည်နေတဲ့
မုန်တိုင်းတစ်ချို့ ရှိတယ်
အဲဒီမှာ ခုရိုက်ခုယူ
အမြန် ဟိုင်းဝေးလမ်းမှားတွေရှိတယ်
အဲဒီမှာ
ညှင်းလိုင်းထဲရောက်နေတဲ့
ဂျိုကာတစ်ချပ်ရှိတယ်
အဲဒီမှာ အချိန်ပြည့်မူးနေတဲ့
မထိုင်တတ်ရင် ထိုင်သူကိုပါမူးစေတဲ့
ကုလားထိုင်တစ်လုံးရှိတယ်
အဲဒီမှာ ဒီရေတက်ချိန် ကျချိန်
မတွက်တတ်တဲ့
ဗျိုင်းအိုတစ်ကောင်ရှိတယ်
Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...