မြစ်ဖျား
မပြောရဲဘူး
လေးနက်မှုတွေအကြောင်း
ပြောလိုက်ရင်ပေါ့သွားမှာစိုးတယ်
မပြောရဲဘူး
တမ်းတမှုတွေအကြောင်း
ပြောလိုက်ရင်နွမ်းလျမှာစိုးတယ်
မပြောရဲဘူး
နာကျင်မှုတွေအကြောင်း
ပြောလိုက်ရင် အနာယဉ်းမှာစိုးတယ်
မပြောရဲသမျှတွေ
ရင်ဘတ်ထဲစုမိဆောင်းမိရှိလာတဲ့အခါ
ကဗျာတွေအဖြစ်
သွင်သွင်စီးဆင်းသွားကြရဲ့
Chocobo
No comments:
Post a Comment