အနောက်ရပ်မှမံမီများ ဟာပီစီးလျက်လါကုန်ကြပြီ
ကိုယ်စီကိုယ်ငှကွယ်ဝှက်ထားတဲ့
ဖဲချပ်တွေထဲ ရာသီဥတုဆိုးဝါးနေတယ်
လောကနီတိကျမ်းကလဲ
ဆေးတိုက်မဲ့သူကိုမျှော်ရင်း
စင်ပေါ်မှာတုံးလုံပက်လက်ငှက်ဖျားမိနေတယ်
ပန်းပျိုးလက်တွေက
မလွဲမရှောင်သာဓား ကတ်ကြေးကိုင်ရတာကို
စာနာနားလည်ပါတယ်
ဒါပေမယ့်တ.ချို့တချို့သောပန်းပျိုးလက်တွေ
သေနတ်ကိုင်ကုန်ကြတာ
ဝမ်းနည်းစရာကောင်းတယ်
ဖဲချပ်တွေထဲ ရာသီဥတုဆိုးဝါးနေတယ်
လောကနီတိကျမ်းကလဲ
ဆေးတိုက်မဲ့သူကိုမျှော်ရင်း
စင်ပေါ်မှာတုံးလုံပက်လက်ငှက်ဖျားမိနေတယ်
ပန်းပျိုးလက်တွေက
မလွဲမရှောင်သာဓား ကတ်ကြေးကိုင်ရတာကို
စာနာနားလည်ပါတယ်
ဒါပေမယ့်တ.ချို့တချို့သောပန်းပျိုးလက်တွေ
သေနတ်ကိုင်ကုန်ကြတာ
ဝမ်းနည်းစရာကောင်းတယ်
အပျိုဖော်ဝင်စမနက်ခင်းဟာ
မြူခိုးတွေခွက်ဆင့်သောက်ပြီးမူးရူးနေပြီ
မြူခိုးတွေခွက်ဆင့်သောက်ပြီးမူးရူးနေပြီ
ကျားနေမြဲမနေတော့
ပိုကလဲနေမြဲနေလို့မရတော့ပါ
ပိုကလဲနေမြဲနေလို့မရတော့ပါ
စိတ်တူကိုယ်တူမိုက်ကြရင်းက
အမှောင်ထိုအံမတုနိုင်တောဲ့အခါ
မေ့ဆေးမပေးပဲခွဲစိတ်ရမဲ့နေ့
ရောက်မှာကိုစိုးရိမ်နေရပြီ
စဉ်းစားဖို့နဖူးပေါ်လက်တင်ရင်တောင်
လက်ကအပူချိန်ကိုမခံနိုင်တော့ပါ
တဖြည်းဖြည်အသံတိမ်လာတဲ့ကြွေးကြော်သံတွေကို
တနည်းနည်းနဲ့သိမ်းဆည်းထားဖို့် လိုနေပြီ
အမှောင်ထိုအံမတုနိုင်တောဲ့အခါ
မေ့ဆေးမပေးပဲခွဲစိတ်ရမဲ့နေ့
ရောက်မှာကိုစိုးရိမ်နေရပြီ
စဉ်းစားဖို့နဖူးပေါ်လက်တင်ရင်တောင်
လက်ကအပူချိန်ကိုမခံနိုင်တော့ပါ
တဖြည်းဖြည်အသံတိမ်လာတဲ့ကြွေးကြော်သံတွေကို
တနည်းနည်းနဲ့သိမ်းဆည်းထားဖို့် လိုနေပြီ
ဖျိုးတိုးဖျောက်တောက်အားထုတ်ပြီး
မြိုးမြိုးမြက်မြက်ရချင်လို့တော့မဖြစ်ဘူးလေ
မြိုးမြိုးမြက်မြက်ရချင်လို့တော့မဖြစ်ဘူးလေ
Chocobo
No comments:
Post a Comment