Friday, January 22, 2016

မိမိကိုယ်​ကိုရှာ​ဖွေရန်​ခရီးထွက်​ရင်း​ရေး​သောကဗျာ

မိမိကိုယ်​ကိုရှာ​ဖွေရန်​ခရီးထွက်​ရင်း​ရေး​သောကဗျာ

အ​ကြီးစားပြင်​ဆင်​မှုအတွက်
ဒီနေရာကျောက်​ချထားရတာ
အဆုံးသတ်​ပြီ
ယခုပင်​ခရီးစဉ်​ စမှ​တော်​​ရော့မည်
အနီးဆုံးစခန်း​ရောက်ဖို့ 
ကမ္ဘာတစ်​ပတ်​​​လောက်​​တော့
ခရီးနှင်​ရဦးမည်
ကမ္ဘာနှစ်​ပတ်​သို့မဟုတ်​ သုးံပတ်​လည်းဖြစ်​သွားနိုင်​ပါသည်

အတ္တမုန်​တိုင်းရယ်
သူနဲ့ပါလာတဲ့အစ္ဇျတ္တလှိုင်းတံပိုး တို့ရယ်​ကို
ိုဖြတ်​သန်းရန်
လုံ​လောက်​တဲ့အင်​အားလဲ
ရတန်​သ​ရွေ့စု​ဆောင်းထားခြဲ့ပီးပြီ

ခရီးစဉ်​တ​လျောက်​​တွေ့ ရတဲ့
သ​င်္ဘောပျက်​အပိုင်းအစများက
ငါရဲ့သတိကိုသတိ​မလွတ်ဖို့သတိ​ပေးနေကြတယ်
ငါ့သ​ေ​ဘၤာကိုယ္နိွုက္ကလဲ
စင်းလုံး​ချော​​တော့မဟုတ်

ခရီးတ​ထောက်​ခိုနားစရာ
ကျွန်​ကြီးကျွန်းငယ်တို့ မှာ
ေ​ရခ်ိဳရွိသည္လဲရွိရဲ့
ခိုးသားဓားပြတို့ခို​အောင်း​နေသည်​လည်းရှိရဲ့

အတားအဆီးအခက်​အခဲများကို
လောင်​စာအဖြစ်​​ပြောင်းလဲအသုံးချဖို့
နည်းလမ်း​တော့
ရှာ​တွေ့ခဲ့ပြီ ငါထင်​သည်

''ရှာ​ဖွေသူငါ''နှင့်​ "အရှာ​ဖွေခံရသူငါ"
သူတို့ နှစ်​ဦး​တွေ့ဆုံသည်​အထိ
သို့မဟုတ်
"ရှာ​ဖွေသူငါ" ကိုယ်​တိုင်
ပျောက်​ဆုံးသည်​အထိ
ဆက်​လက်​၍.....
ဆက်​လက်​၍.....

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...