အမေ့မေတ္တာခံယူကြပါစို့
ကိုးကွယ်ရာမဲ့ ပြည်သူများ
အရိုးပဒေသာ ဘဝတွေထဲ
စုန်ချည်စုန်ချည် #ကူးခက်ကြ*
ပျဉ်မငုတ်တိုတွေခမျာမှာလဲ
တုတ်ချက်ဓားချက်နဲ့ ပြတ်တယ်ကိုမရှိ
ပီပီမှုတ်တဲ့ကျူရိုးရှင်လဲ
ကျူပင်ရှာရင်းလမ်းပျောက်ကာ
နွံထဲရုန်းနေရတယ်
အဲဒီအချိန်မှာ
အမှောင်နေ့ တွေကိုကုသဖို့
တောင်အရပ်က ဓူဝံကြယ်တစ်ပွင့်
ပေါ်ထွန်းလင်းလက်လာခဲ့တယ်
ယုံကြည်သူ မယုံကြည်သူအားလုံးအတွက်
အေးချမ်းခြင်းနဲ့လမ်းပြတယ်
ခင်ဗျားဟာသားလိမ္မာဖြစ်စေသားဆိုးဖြစ်စေ မေတ္တာပေးတယ်
ချိုးဖြူငှက်တွေနဲ့ကမ္ဘာကိုဖြန့်ကျက်တယ်
လူသားစိတ်ဓာတ်ရှိသူတိုင်းရဲ့
ဦးညွတ်ခြင်းကိုခံရတယ်
ငါတို့အတွက် လွတ်မြောက်ခြင်းသို့သွားရာလမ်းကို
ဘဝနဲ့ရင်းပြီးခင်းပေးခဲ့တယ်
အမေ့မေတ္တာနားမလည်ချင်သူတချို့က
ဒီလမ်းပေါ်မှာ
ဆူးညှောက်ခလုတ်တွေဖြန့်ကျဲကြတယ်
ဒါတွေကိုငါတို့အတူဖယ်ရှားပြီး
အမေ့ရဲ့လမ်းမှာ ရှေ့ဆက်သွားမယ်
သူမဟာ
ငါတို့အားလုံးရဲ့ #အမေအရင်း*ဖြစ်တယ်
Chocobo
No comments:
Post a Comment