Friday, January 22, 2016

ကဗျာလူသား


ကဗျာလူသား

ကျွန်ေ​​တာ့်​သွေးလွှတ်​​ကြော​သွေးပြန်​​ကြော​တွေမှာ
စုန်​ဆန်​ကူးခတ်​​နေတဲ့ ကဗျာ​တွေရှိတယ်

နာမ်​ခန္ဒာ​လေးခုဟာ
ကဗျာကိုအဓိကအာဟာရအ​နေနဲ့မှီဝဲတယ်
ကြုံကြုံသမျှ အာရုံငါးပါးဟာ
အတွင်းစိတ်​မ​ရောက်​ခင်
ဝိတက်ရဲ့လက်ထဲမှာတင်
ကဗျာအဖြစ်ေ​ပြာင်းသွားကြတယ်
ရှုပွားတဲ့ကမ္မဋ္ဌာန်းအာရုံဟာ ​လောကဓမ္မဖြစ်​ပြီး
ဝင်​စားတဲ့ဈာန်​က​တော့ကဗျာဈာန်ဖြစ်တယ်
ဒါကျွန်​​တော်​​ကျင့်​ကြံတဲ့သမထ

ကိုယ်​တွင်း အင်​ဇိုင်း​တွေ ဂလင်း​တွေ ရဲ့
အဓိက output ဟာလဲ ကဗျာ​တွေဖြစ်​တယ်
ရူသွင်းလိုက်​တဲ့​အောက်​ဆီဂျင်​​မော်​လီကျူး အိုတူး
တစ်​ခုစီမှာပါတဲ့ ​​အက်​တမ်​ ၂လုံးကို
ကဗျာ-bond နဲ့ချိတ်​ဆက်​ထားတယ်
ကျွန်​တော့်ကိုယ်ကထွက်တဲ့ေ​​​ချွးဟာ
ကဗျာနံ့  တ​​ထောင်းေ​ထာင်းထွက်​နေ​တယ်

ကျွန်​​တော်​​ပြောရဲတယ်
ကျွန်​​တော်​​သေလို့ သဂြိုဟ်​ရင်
ပြာမကျပဲ ကဗျာ​တွေကျလာပါလိမ့်​မယ်

သို့​ကြောင့်​ ကျွန်​​တော့်​ကို ကဗျာလူသားဟု​ခေါ်ပါ

Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...