Tuesday, January 26, 2016

ပေါက်​ကရ ၅၂

ပေါက်​ကရ ၅၂

ကောင်မလေးရေ
ငါ့နှလုံးသားမြို့တော့်ရဲ့
ဆင်ခြေဖုံးအရပ်မှာ
မင်းကိုမွေးဖွားခဲ့ပေမဲ့
အဲဒီနေရာဟာ မြို့ကလေးရဲ့
အကျယ်ဝန်းဆုံးအပိုင်းဖြစ်သလို
ငါအမြဲစတည်းချတဲ့နေရာလဲဖြစ်တယ်
အထူးသဖြင့်
မြို့ကလေးရဲ့ တည်ငြိမ်မှုအရှိဆုံးနဲ့
နေရာလေးပါ

အလုံးစုံသော ငါ့ရဲပိုင်ဆိုင်မှုတွေစုစည်းရာ
ဒီနေရာလေးမှာ
မင်းစိတ်တိုင်ကျ
ရွှင်လန်းပါ ပျော်မွေ့ပါ ချစ်သူ

ချိုကိုဘို

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...