ပေါက်ကရ ၄၆
ကောင်မလေးရေ
မင်းဟာငါ့ရဲ့စကားလုံးတွေ
ပျောက်ဆုံးပြီးဆွံအသွားအောင်လဲ
တတ်နိုင်တယ်
စကားလုံးတွေအများကြီး
ပေါ်လာအောင်လဲတတ်နိုင်တယ်
ငါ့ကိုငိုအောင်လဲတတ်နိုင်တယ်
ရီအောင်လဲတတ်နိုင်တယ်
ဝေအောင်လဲတတ်နိုင်တယ်
ကြွေအောင်လဲတတ်နိုင်တယ်
မင်းဟာကောင်မလေးမဟုတ်ဘူး
ကဝေမလေး
ချိုကိုဘို
No comments:
Post a Comment