သပွတ်အူ
ဒီနေ့မနက်စောစောက ကျွန်တော်ညစ်ညစ်ရှိတိုင်း
သွားထိုင်နေကျ စေတီလေးနားက မြစ်ကမ်းနံဖူးမှာ
တစ်ကိုယ်တည်းသွားထိုင်နေမိတယ်
မြူအတော်အများများဟာ မြစ်ရေပြင်ပေါ် လွမ်းခြုံသိုင်းလို့ အမျိုးအမည်ခွဲခြားရခက်တဲ့ ခံစားမှုတစ်မျိုးကျွန်တော့်ရဲ့အထီးကျန်နှလုံးသား
ဆီ ဦးတည်ထုတ်လွှင့်ပေးနေကြတယ်
နဂိုရှိနှင့်နေတဲ့ အမျိုးအမည်သိပြီးသား ဝေဒနာနဲ့
ပေါင်းစပ်မိတဲ့အခါ နှုတ်ဖျားက တေးတစ်ပုဒ်ကို
အလိုလိုဆိုငြီးမိပြီးသားဖြစ်သွားတယ်
"( ယမုန္နာ၊
သီတာသောင်ခြေ ဦးမှာလ....လေ..၊
သနားဖွယ်၊ လူနှယ်ခေါ်သံ၊ ထူးလို့လေး။ )၂။
( ကြည်နူးဖွယ် မောင့်တစ်ကိုယ်၊ ရွှေင်္ဟသာ မောင်နှံငှက်ကယ်တို့၊
ကြင်ဖေါ်မှာ ဩော်ကြင်ဖေါ်ဘက်ကယ်နှင့်၊
တူပျော်ပျော် ဘယ်ခါမှစက်ရပါ့၊
လည်ယှက်ကာ သူတို့လို )၂။
( မ- ဖို ခေါ်သံ၊ လူနှယ်သူ့ဟန်၊ ဖေါ်ကွာသူဆွေးစေဖို့ဖန် )၂။
......... ......... ............"
တေးတစ်ပုဒ်မဆုံးမီမှာပဲ ကျွန်တော့်ရှေ့
မြစ်ရေပြင်ပေါ် မြူခိုးတွေကြားထဲမှာ နတ်သမီးတစ်ပါး ပေါ်လာပြီး သူ့ကိုယ်သူ Zeus
နတ်မင်းကြီးရဲ့သမီးတော် ဂီတနတ်သမီး Aoede
ဖြစ်ကြောင်းမိတ်ဆက်လာပါတယ် ပြီးတောသူပြောတာက....
" သီချင်းရှင်ဆိုသွားတဲ့ သီချင်းအမျိုးအစားကိုသိချင်လို့ပါ ကျွန်မတို့အနောက်တိုင်းမှာ ကြားဖူးနေတဲ့ အဆန်းသစ်ဆုံးဆိုတဲ့ hip hop, R&B သီချင်းတွေထက်တောင် ဆန်းသစ်နေသေးတယ်
နားဆင်ရတာ ထူးထူးခြားခြားကြီးကိုကောင်းနေပါတယ်
ဒီလိုမျိုး တစ်ခါမှ မကြားဖူးဘူး နောက်ဆုံးပေါ် ဂီတအမျိုးအစားလား သိချင်လို့ပါ "
အတော်နားလည်မှုမရှိတဲ့နတ်သမီးပါဗျာ
ကိုယ်ဝေဒနာနဲ့ကိုယ်လဲအေးအေးမနေရ
သူ့ကိုရှင်းပြလိုစိတ်မရှိတာနဲ့ ကျွန်တော်လဲ
ကိုယ်ယောင်ဖျောက်ပြီး ထွက်လာခဲ့လိုက်တယ်
Chocobo
No comments:
Post a Comment