ပြေးကြည့်မှ ငါရယ်ကိုယ်ရယ်
နှစ်ယောက်တည်းရှိတာတောင်မတည့်ဘူး
အနည်ထိုင်သွားမှာစိုးရွံ့ မိပေမယ့်
ရေးပြီးသားဇာတ်ညွှန်းကပြင်ဖို့ခက်တယ်
စိတ်အလိုလိုက်ဖို့ကို
ကိုယ်ကိုးကွယ်တဲ့ကိုယ်ကျင့်တရားက
ခွင့်မပြုဘူးလေ
လမ်းဆိုတာတွေကို
အမှားအမှန်ဆုံးဖြတ်ဖို့
သူရဲ့ ဦးတည်ရာကိုကြည့်ရပါမယ်
အကျိုးအကြောင်းအဆိုးအကောင်း
ခွဲခြားတတ်တဲ့ဉာည်မျိုး သို့မဟုတ် ဉာဏ်မျိုး
ပါမလာခဲ့ရင်လဲအကောင်းသားလို့
ရံဖန်ရံခါရူးရူးမိုက်မိုက်တွေးမိပါရဲ့
စိတ်ဆင်ရိုင်းတွေကိုကျုံးသွင်းဖို့
လက်သံပြောင်လွန်းတဲ့ ငါ့ကိုယ်ငါ
ဒေါသပဲထွက်ရမလား
ချီးမွမ်းရမလား
ဝေခွဲမရနိုင်အောင်ပါပဲ
နာကျင်မှုနဲ့အသားကျအောင်နေတတ်တာပဲ
ကိုယ့်ကိုယ်ကိုယ်ကျေးဇူးတင်ရတော့မှာပဲ
Chocobo
No comments:
Post a Comment