Saturday, January 23, 2016

ပဋိပက္ခ​တောင်​ပံအခတ်​မှာ ​​ခေါင်းစဉ်​အမှား​ကြောင့်​ ​ဝိုင်​တိမ်​နစ်​သွား​သောကဗျာ​တစ်​ပုဒ်

ပဋိပက္ခ​တောင်​ပံအခတ်​မှာ ​​ခေါင်းစဉ်​အမှား​ကြောင့်
ဝိုင်​တိမ်​နစ်​သွား​သောကဗျာ​တစ်​ပုဒ်

နှစ်​လွန်းတင်​လဲ ကြိုးဟာကြိုးပါပဲ
ဒေါင်​​ဒေါင်​မြည်​ အသည်းဆိုတာလဲ
ခွဲသူမရှိခင်​သာ မာနိုင်​တဲ့အမျိုး

မွန်းတယ်
နစ်​နစ်​နဲနဲမွန်းတယ်

ကောင်းကင်​မှားတဲ့ကြယ်
ကောင်းကင်​မှားတဲ့လ
ကောင်းကင်​မှားတဲ့​နေ
အားလုံးကို 100% ပွင့်​ခွင့်​​ပေးပြီးကာမှ
အညှာကမ​ဖြတ်​ပဲ
ပွင့်​ချပ်​လွှာ​​တွေကို တစ်​လွှာချင်း​ခြွေချခံရတယ်
အခင်းဖြစ်​ရာအရပ်​မှာ
နှလုံး​သွေးတို့မြင်​မ​ကောင်း​အောင်
တစစီကျဲပြန့် ​လျက်

ရေးမကူးတတ်​မှန်းသိပါလျက်
ယက်​ကန်​ယက်​ကန် အဖြစ်ကို
ေ​လျာင်းရက်ရှုစား​​နေရက်​တယ်
တံခါးမပါတဲ့
အလုံပိတ်​အခန်းထဲ ငါနဲ့ ငါ့ကြွေကွဲခြင်းဟာ
တစ်​ဦးရဲ့​အောက်​စီဂျင်​ကို တစ်​ဦး
အပြန်​အလှန်​လုယက်​​နေကြရ

#အပင်​သိပါလျက်​ တိမ်ဖုံးရက်စက်​ အ​ပွေးမမြင်​ခဲ့
#​ဆေးသိပါလျက်​ ​နွေမိုး​ဆောင်းအဆက်​ ​ဆေးမမီခဲ့
Chocobo

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...