Wednesday, January 20, 2016

ပေါက်​ကရ ၄၄

ပေါက်​ကရ ၄၄

အချိန်မှန်အိပ်ပါ
အချိန်မှန်စားပါဆိုပြီး
စိတ်ပူတတ်တဲ့ကောင်မလေး
မင်းစိတ်ပူနေရမှာ ငါမကြိုက်လို့
အကျင့်ဆိုးတွေကိုပြင်မှာပါ

အအိပ်အစားအချိန်မမှန်ရင်သာရှိမယ်
အလွမ်းကတော့အချိန်မှန်မြဲမှန်လျက်
ဘယ်လိုအချိန်တွေ လွမ်းတတ်လဲသိလား
ပြောရမယ်ဆို
အချိန်ရှိသရွေ့ပါပဲ

ချိုကိုဘို

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...