မုန့်လေပွေနှင့်အစီးမကပ်သောလဆုတ် ၉ရက်နေ့
ပျားမရှိတဲ့ပျားအုံကို
တုတ်နဲ့ထိုးရဲတာလောက်နဲ့
ကဗျာမဖြစ်ဘူးဆိုရင်ခင်ဗျားဘာပြောမလဲ
အစုလိုက်အပြုံလိုက်
ကြွက်ကြွက်ညံရဲတဲ့သတ္တိမျိုး
သုံးထုတ်တစ်ရာရောင်းတဲ့
ဆေးတွေမှာတော့ သုံးချင်သုံးမှာပေါ့
အတွေ့ အကြုံဆိုတာ ကံသုံးပါးနဲ့ရင်းပြီးမှပွင့်တဲ့ပန်း
သရက်သီးဆိုတာမျိုးကမနုမရင့်ဆို အချဉ်ဆုံး
အရိုးစွဲနေတဲ့
အပုံလိုက်သေနေတဲ့
ပုံသေနည်းတွေအတွက်
တခုတ်တရနေရာပေးရလောက်အောင်
ကျုပ်အိမ်ကကျယ်မနေဘူးလေ
Chocobo
No comments:
Post a Comment